EXO အဖွဲ့ဝင် Lay ယခုနှစ်တွင် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ပွဲဦးထွက် ဖြန့်ချိမည်

EXO အဖွဲ့ဝင် Lay ယခုနှစ်တွင် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ပွဲဦးထွက် ဖြန့်ချိမည်

ဆိုးလ် ၊ စက်တင်ဘာ ၂၁ ။           ။ တောင်ကိုရီးယား နှင့် တရုတ်အမျိုးသားအဆိုရှင်အဖွဲ့  EXO အဖွဲ့ဝင်  Lay သည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ယခုနှစ်ကုန်တွင် ထွက်ရှိမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Lay သည် တရုတ်နိုင်ငံတွင် တေးအယ်လ်ဘမ်ကို ဖြန့်ချိသွားမည်ဖြစ်ပြီး ယခုနှစ်အကုန်တွင် တေးအယ်လ်ဘမ် ထွက်ရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း နှင့် ကိုရီးယားနိုင်ငံတွင် အရောင်းမြှင့်တင်ရေး ပြုလုပ်သွားခြင်းရှိမရှိနှင့်စပ်လျဉ်း၍ သေချာမသိရသေးကြောင်း  Xports News ကသတင်းထုတ်ပြန်သည်။

ယခုနှစ်မေလအစောပိုင်းက  Lay သည်  “Monodrama” ဟုအမည်ပေးထားသော  တစ်ကိုယ်တော် တေးသီချင်းကို  SM STATION မှတစ်ဆင့် ဖြန့်ချိခဲ့သည်။Lay သည် မကြာသေးမီက  MBC ရုပ်သံ၏ “ Infinite Challenge” တွင် ၎င်း၏ဖျော်ဖြေရေးစွမ်းရည်ကို ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags