၇၁ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျားမတန်းတူအခွင့်ရေး မိန့်ခွန်းပြောကြားခဲ့တဲ့ အမ်မာဝပ်ဆင်

၇၁ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျားမတန်းတူအခွင့်ရေး မိန့်ခွန်းပြောကြားခဲ့တဲ့ အမ်မာဝပ်ဆင်

နယူးယော့ခ် ၊ စက်တင်ဘာ ၂၁ ။          ။ ဟယ်ရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆင်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင်  ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့က ပထမအကြိမ်  HeForShe Impact 10X10X10  University  Parity Report (ကျားမတန်းတူခံစားခွင့်အစီရင်ခံစာ )ထုတ်ပြန်သည့် အထိမ်းအမှတ်အဖြစ် ကျားမတန်းတူ အခွင့်ရေးနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့သည်။

ကျားမတန်းတူအခွင့်ရေးရရှိရေးကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်သော  HeForShe ကမ်းပိန်ကို စည်းရုံးလှုံ့ဆော်သူ အသက် ၂၆နှစ်အရွယ် အမ်မာဝပ်ဆင်က ဖွံ့ဖြိုးတိုးတတ်မှု အသစ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့သည်။

အစီရင်ခံစာသစ်သည် တက္ကသိုလ်နယ်မြေတွင် ကျားမတန်းတူခံစားခွင့်ရရှိရေးကို အာရုံစိုက်လာစေရန် ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ် ဆယ်ခုမှ ရေးသားထားသော ထင်မြင်ချက်များကို ဖော်ပြထားသည်။

တက္ကသိုလ်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပေါ် ရပ်တည်ချက်များခိုင်ခိုင်မာမာ လုပ်ဆောင်ပေးရေး ၊ အုပ်ချုပ်ရေးပိုင်း နှင့် ပညာရေးပိုင်းတို့တွင် ကျားမကွာဟချက်ကို လျော့ချပေးရေး ၊ သင်ကြားမှုစွမ်းရည် နှင့် ကျောင်းသားကျောင်းသူများအတွက်  ကျားမကိစ္စရပ်များအပေါ် ထောက်ပံ့မှုများ ပြုလုပ်ပေးရေးတို့အတွက် တောင်းဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၂၀ရက်က နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အမ်မာဝပ်ဆင်သည် ၂၀၁၄ ခုနှစ်မှစ၍ ကုလသမဂ္ဂအမျိုးသမီး သံတမန်အဖြစ် ခန့်အပ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly