စစ်သွေးကြွများကို မရှင်းလင်းနိုင်ပါက တောင်ဆူဒန်နှင့်အကြား နယ်စပ်ကို ပိတ်ပစ်ရလိမ့်မည်ဟု ဆူဒန် သတိပေး

စစ်သွေးကြွများကို မရှင်းလင်းနိုင်ပါက တောင်ဆူဒန်နှင့်အကြား နယ်စပ်ကို ပိတ်ပစ်ရလိမ့်မည်ဟု ဆူဒန် သတိပေး

စက်တင်ဘာ ၁၉ ။          ။  အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံ အနေဖြင့် စစ်သွေးကြွ အုပ်စုများကို နိုင်ငံတွင်းမှ မရှင်းလင်းနိုင်ခဲ့ဘူး ဆိုပါက ယင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဂိတ်များကို ရက်ပိုင်းအတွင်း ပိတ်သွားတော့မည်ဟု ဆူဒန်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

တောင်ပိုင်းနယ်စပ် တစ်လျှောက် ထိစပ်နေသော ဒေသများတွင် သောင်းကျန်းသူ စစ်သွေးကြွ အုပ်စုများကို တောင်ဆူဒန် အာဏာပိုင်တို့က ထောက်ပံ့ပေးထားသည်ဟု ဆူဒန်က ယခင်ကတည်းက စွပ်စွဲထားခဲ့သည်။

လူမျိုးရေး သွေးကွဲမှုနှင့် ရေနံလုပ်ပိုင်ခွင့် အငြင်းပွားပြဿနာများကြောင့် ဆယ်စုနှစ်များစွာကြာ ပြည်တွင်း စစ်မီးတောင်လောက်ခဲ့ပြီးနောက် တောင်ဆူဒန်က ၂၀၁၁ တွင် ဆူဒန်နှင့် ခွဲထွက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းနှစ်နိုင်ငံအကြား ထိစပ်နေသော နယ်စပ်များတွင် ကုန်သည်များနှင့် ဒေသခံတစ်ချို့သာ ပုံမှန် ကူးသန်းနေလျက်ရှိပြီး ၂၀၁၁ ခုနှစ် ကတည်းက ပိတ်ထားခဲ့ပြီးမှ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ပြန်ဖွင့်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက တွေ့ဆုံစဉ်အတွင်း စစ်သွေးကြွ အုပ်စုများကို ၂၁ ရက်တွင်း အပြီးဖယ်ရှား ရှင်းလင်းပေးထားမည်ဟု တောင်ဆူဒန်ဘက်က ကတိပြုထားကြောင်း ဆူဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly