မန်စီးတီး၊ လက်စတာ၊ ဒေါ့မွန်နှင့် လိုင်ယွန်တို့ ဂိုးပြတ်နိုင်ပြီး နောက်ကျဂိုးတွေနဲ့ လက်ရှိချန်ပီယံ ကံကောင်းခဲ့တဲ့ ရီးယဲလ်

မန်စီးတီး၊ လက်စတာ၊ ဒေါ့မွန်နှင့် လိုင်ယွန်တို့ ဂိုးပြတ်နိုင်ပြီး နောက်ကျဂိုးတွေနဲ့ လက်ရှိချန်ပီယံ ကံကောင်းခဲ့တဲ့ ရီးယဲလ်

ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယနေ့ပွဲစဉ်များကို ဆက်လက်ကစားခဲ့ရာ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာစီးတီးက ပထမဆုံး ချန်ပီယံလိဂ်ပွဲထွက်မှာ ခြေစွမ်းပြပြီး အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့သလို မန်စီးတီး၊ လိုင်ယွန်နှင့် ဒေါ့မွန်အသင်းတွေကလည်း ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ ရီးယဲလ်ကတော့ နောက်ကျဂိုးတွေနဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။

မန်စီးတီး ၄-၀ မိုချန်ဂလာဘတ်
မနေ့ညပိုင်းက ရွာသီဥတု ဆိုးဝါးပြီး မိုးသည်းထန်ခဲ့လို့ ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ မန်စီးတီးကတော့ အိမ်ကွင်းမှာ မိုချန်ဂလာဘတ်ကို အဂွဲရိုးရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ (၄) ဂိုးပြတ်နိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို အဂွဲရိုးက (၈၊ ၂၈ ပယ်နယ်တီ၊ ၇၇) မိနစ်၊ အီဟီရာနာချိုက မိနစ်(၉၀)မှာ သွင်းယူခဲ့ကြပါတယ်။ အဂွဲရိုးဟာ အင်္ဂလန်ကလပ်အသင်းတွေက ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းတဲ့ မိုက်ကယ်အိုဝင်နဲ့ အန်ဒီကိုးလ် နှစ်ဦးနောက် သုံးဦးမြောက် ဟက်ထရစ်သွင်းသူဖြစ်လာပါတယ်။

ကလပ်ဘရုဂေး ဝ-၃ လက်စတာ

လက်စတာစီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်းပေမယ့် ဘယ်ဂျီယံကလပ် ဘရုဂေးကို (၃)ဂိုးပြတ်နဲ့နိုင်ခဲ့တာပါ။  ပွဲအစ(၅)မိနစ်မှာပဲ အောဘရိုက်တန်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး မာရက်ဇ်က (၂၉၊ ၆၁ ပင်နယ်တီ) မိနစ်တွေမှာ နှစ်ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဂိုးပြတ် နိုင်ပွဲနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ လက်စတာအသင်းကတော့ ချန်ပီယံလိဂ်မှာ ပထမဦးဆုံးကစားခဲ့ပြီး နိုင်ပွဲရရှိခဲ့တဲ့ အင်္ဂလန်ကလပ်ထဲက မန်ယူ (၁၉၉၄) နဲ့ နယူးကာဆယ်လ် (၁၉၉၇) နောက်ပိုင်း တတိယအသင်းဖြစ်လာပါတယ်။

ရီးယဲလ် ၂-၁ စပို့တင်းလစ္စဘွန်း

လက်ရှိချန်ပီယံ ရီးယဲယ်မက်ဒရစ်ကတော့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဆီဆာရဲ့ ဒုတိယပိုင်းအစ (၄၇) မိနစ်မှာ သွင်းတဲ့ ဂိုးနဲ့ ရှုံးနိမ့်နေရာကနေ (၈၉) မိနစ်အရောက်မှာ စီရော်နယ်လ်ဒိုက ဖရီးကစ်ကနေ ချေပခဲ့ပါတယ်။ ရီးယဲလ်အတွက် အနိုင်ဂိုးကိုတော့  မိနစ်(၉၀)မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး မိုရာတာက သွင်းယူပေးခဲ့တာကြောင့် အိမ်ကွင်းမှာ အခုလို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်နှင့် ဆီဗီလာပွဲမှာတော့ နှစ်ဖက်အသင်း ဂိုးမရှိသရေကျခဲ့ပါတယ်။ ဝင်ဘလေကွင်းမှာ ကစားတဲ့ စပါးကတော့ မိုနာကိုကို (၂-၁) ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဒေါ့မန်ကတော့ အဝေးကွင်းမှာ ပိုလန်ကလပ် လီဂီယာဝါဆောကို (၆) ဂိုးသွင်းပြီး ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စု ဒုတိယနေ့ ရလဒ်များ

လေဗာကူဆင် ၂-၂ CSKA မော်စကို
စပါး ၁-၂ မိုနာကို
ရီးယဲလ် ၂-၁ စပို့တင်းလစ္စဘွန်း
လီဂီယာဝါဆော ဝ-၆ ဒေါ့မွန်
ကလပ်ဘရုဂေး ဝ-၃ လက်စတာ
ပေါ်တို ၁-၁ ကိုပင်ဟေဂင်
လိုင်ယွန် ၃-၀ ဒိုင်နမိုဇာဂရက်
ဂျူဗင်တပ်စ် ဝ-၀ ဆီဗီလာ
မန်စီးတီး ၄-၀ မိုချန်ဂလာဘတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly