အာဆင်နယ်နှင့်ပွဲမှ ခြေစွမ်းအတိုင်း ကစားပါက နိုင်ပွဲများ ရောက်ရှိလာလိမ့်မည်ဟု ပီအက်စ်ဂျီနည်းပြ အမ်မရီ ပြော

အာဆင်နယ်နှင့်ပွဲမှ ခြေစွမ်းအတိုင်း ကစားပါက နိုင်ပွဲများ ရောက်ရှိလာလိမ့်မည်ဟု ပီအက်စ်ဂျီနည်းပြ အမ်မရီ ပြော

စက်တင်ဘာ ၁၄၊ ပဲရစ် ။               ။ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အာဆင်နယ်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းနည်းပြ အမ်မရီက ထိုပွဲက ခြေစွမ်းအတိုင်း ဆက်လက် ကစားနိုင်ပါက နိုင်ပွဲများ ရရှိလာလိ့မ်မည်ဟု ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် အိမ်ရှင် ပီအက်စ်ဂျီအသင်းသည် တိုက်စစ်မှူး ကာဗာနီ၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဆန်းချက်ဇ်က အာဆင်နယ်အတွက် ချေပဂိုးပြန်လည် သွင်းယူပေးသွားသည့်အတွက် သရေကျခဲ့ရသည်။ ထိုပွဲတွင် အာဆင်နယ် တိုက်စစ်မှူး ဂီရော့ဒ်နှင့် ပီအက်စ်ဂျီ ကွင်းလယ်လူ ဗာရက်တီတို့ အနီကတ်များဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

အာဆင်နယ်နှင့်သရေကျခဲ့ရသည့်အတွက် ပီအက်စ်ဂျီအသင်း နိုင်ပွဲပျောက်ဆုံးနေသည်မှာ သုံးပွဲ ရှိသွားပြီဖြစ်သည်။

ပွဲအပြီးတွင် အမ်မရီက ‘ပွဲရလဒ်က ကောင်းမွန်တဲ့ ရလဒ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပွဲမှာ အသင်းရဲ့ကစားပုံကြောင့် ပျော်ရွှင်ရပါတယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အပိုင်အခွင့်အရေး ၇ ကြိမ်လောက်ရခဲ့ပါတယ်။ ဒါက ပိုပြီး အရေးကြီးပါတယ်။ ဂိုးတွေ လာပါလိ့မ်မယ်။ ကစားသမားတွေ ဒီခြေစွမ်းအတိုင်း ဆက်ကစားနိုင်မယ်လို့ ထင်ပါတယ်။ အသင်းက ကျစ်လစ် ခိုင်မာပြီး တကယ်ကို ကောင်းမွန်ပါတယ်။ ဒီပွဲက ပုံစံအတိုင်းသာ ဆက်ကစားနိုင်မယ်ဆိုရင် နိုင်ပွဲတွေ ရရှိလာပါလိ့မ်မယ်’ ဟု ပြောဆိုခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ်တွင် လေးပွဲကစားပြီးချိန်၌ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျပြီး၊ တစ်ပွဲရှုံးကာ ရမှတ် ၇ မှတ်ဖြင့် အဆင့် ၇ နေရာသို့ ရောက်ရှိနေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly