ဖယ်လ်ကာအိုအတွက် ယူနိုက်တက်နှင့် ချယ်လ်ဆီးကို မိုနာကိုပြစ်တင်

ဖယ်လ်ကာအိုအတွက် ယူနိုက်တက်နှင့် ချယ်လ်ဆီးကို မိုနာကိုပြစ်တင်

စက်တင်ဘာ ၁၃၊ မိုနာကို။              ။ မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအို၏ အင်္ဂလန်တွင် အောင်မြင်မှုမရခဲ့သောအချိန်များအတွက် မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့   ပြစ်တင်ဝေဖန်ခံခဲ့ရသည်။

မိုနာကိုအသင်းဒုဥက္ကဋ္ဌ ဗက်ဒင် ဗက်ဆီယက်က ကိုလံဘီယာတိုက်စစ်မှူးအနေဖြင့် ဒဏ်ရာမှပြန်လာသက်သာရန် လုံလောက် သည့် အချိန်ပေးခံရခြင်းမရှိခဲ့ဟု ယုံကြည်နေသည်။

အက်သလက်တီကို တိုက်စစ်မှူးဟောင်းသည် ချန်ပီယံလိဂ်တွင် စပါးအသင်းနှင့် ရင်ဆိုင်ရန်အတွက် ပြင်သစ်လိဂ်-၁ ကလပ် မိုနာကိုအသင်းနှင့်အတူ လန်ဒန်သို့ပြန်ရောက်လာခဲ့သည်။

တစ်နှစ်ကျော်ခန့်ဂိုးမသွင်းနိုင်ခဲ့သည့် ဖယ်လ်ကာအိုကို နည်းပြယာဒင်က အခွင့်အရေးပြန်ပေးမည်ဖြစ်သကဲ့သို့ ဗက်ဆီယက် ကလည်း အင်္ဂလိပ်အသင်းကြီးနှစ်သင်းကို ဝေဖန်လိုက်ခြင်းဖြစ်သည်။

“အင်္ဂလန်ကလပ်နှစ်သင်းလုံးက ဖယ်လ်ကာအိုကို ပြန်ကောင်းအောင်မလုပ်နိုင်ခဲ့ကြဘူး။ ယူနိုက်တက်ရော ချယ်လ်ဆီးတို့ပါ စိတ်မရှည်တာလား၊ စိတ်ရှည်ဖို့ဆန္ဒမရှိတာလား ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဖယ်လ်ကာအိုအရင်တုန်းကလို အကောင်းဆုံးပုံစံပြန်ရလိမ့်မယ်လို့ ကျွန်တော်အာမခံတယ်။ သူဟာ အရင် တုန်းကလိုပဲ ခြေစွမ်းရှိတယ်ဆိုတာ ရာသီကြိုကာလမှာ တွေ့ခဲ့ရပြီးပြီ။ စိတ်အားတက်ကြွနေတဲ့အခါ သူဂိုးတွေသွင်းနိုင်တယ်။ ကျွန်တော်တို့ကလည်း စိတ်ဓါတ်မြှင့်တင်ပေးတယ်။ ဒီနှစ်က သူ့ရဲ့နှစ်ပဲ။ စိတ်ရှည်ဖို့လိုပေမယ့် အသင်းကြီးတွေက တခြားကိစ္စကိုပဲ လုပ်ချင်ကြတယ်။

ဒဏ်ရာအကြီးအကျယ်ရထားတဲ့ ကစားသမားကို ခေါ်ထားတယ်ဆိုရင် သူ့ရဲ့ပုံစံအမှန်ကိုပြန်ရဖို့ အချိန်ပေးဖို့လိုတယ်။ အဲဒါက ကျွန်တော်တို့လုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ မလုပ်ခဲ့တဲ့ ကိစ္စပါပဲ”ဟု ဗက်ဆီယက်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly