ဗင်းနစ် ၊ စက်တင်ဘာ ၁၁ ။ ။ အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ယခုသီတင်းပတ်ကုန်က ကျင်းပပြုလုပ်သော ၇၃ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် “ The Woman Who Left” ရုပ်ရှင်ကားသည် Golden Lion for Best Flim ဆုကို ဆွတ်ခူးခဲ့သည်။
“ Nocturnal Animals” ဒရမ်မာ ရုပ်ရှင်ကားက Silver Lion Grand Jury Prize ဆုကိုရရှိခဲ့ပြီး ဒါရိုက်တာ အန်ဒရီကွန်ချာလိုဗက်စကီးသည် “ Paradise and Amat Escalante for The Untamed” ရုပ်ရှင်ကားဖြင့် Sliver Lion for Best Director ဆုကိုရရှိခဲ့သည်။
အမ်မာစတုန်းသည် “ La La Land” ရုပ်ရှင်ကားဖြင့် Coppa Volpi for Best Actress ဆုကို ရရှိခဲ့ပြီး မင်းသားအော်စာမာတီနက်ဇ်သည် “ The Distinguished Citizen” ရုပ်ရှင်ကားဖြင့် Coppa Volip for Best Actor ဆုကိုရရှိခဲ့သည်။
နီအာအိုဖန်ဟမ်သည် “ Jackie” ရုပ်ရှင်ကားဖြင့် Best Screenply ဆုကို ဆွတ်ခူးခဲ့သည်။