မိုချင်ဂလတ်ဘတ်နှင့် ချန်ပီယံလိဂ် အဖွင့်ပွဲတွင် မန်စီးတီးအတွက် ဂန်ဒိုဂန် ပွဲထွက်ကစားဖွယ်ရှိ

မိုချင်ဂလတ်ဘတ်နှင့် ချန်ပီယံလိဂ် အဖွင့်ပွဲတွင် မန်စီးတီးအတွက် ဂန်ဒိုဂန် ပွဲထွက်ကစားဖွယ်ရှိ

စက်တင်ဘာ ၁၂၊ အင်္ဂလန် ။                    ။ ဒေါ့တ်မွန်ကွင်းလယ် ကစားသမားဟောင်း ဂန်ဒိုဂန်သည် အင်္ဂါနေ့ညတွင် ယှဉ်ပြိုင်ကစားရမည့် မိုချင်ဂလတ်ဘတ်အသင်းနှင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ပထမဆုံးပွဲထွက်ကစားဖွယ်ရှိနေသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂန်ဒိုဂန်သည် ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့် မေလကတည်းက အနားယူနေခဲ့ရသူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် မန်စီးတီးအသင်းနှင့်အတူ   လေ့ကျင့်ခန်း အပြည့်အဝပြန်လည် ပြုလုပ်နိုင်ပြီဖြစ်ပြီး ပွဲထွက်ကစားရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

‘ဂန်ဒိုဂန်ဟာ ပွဲထွက်ကစားဖို့အတွက် လေ့ကျင့်ခန်းလည်းကောင်းကောင်းလုပ်နိုင်ပါပြီ။ သူ့ကိုကြည့်ရတာ အိုကေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက သူကောင်းကောင်းလေ့ကျင့်ခန်းပြုလုပ်နိုင်တာပါ။ ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှု ပြည့်၊ မပြည့်ကို အင်္ဂနေ့ မနက်မှာ နောက်ဆုံးစစ်ဆေးမှု ပြုလုပ်ပါမယ်။

သူ့အနေနဲ့ အရန်ခုံမှာ ထိုင်ရရင် မိနစ်အနည်းငယ်တော့ ကစားခွင့်ပေးသင့်ပါတယ်။ တကယ်လို့ ဂွါဒီယိုလာက အလိုရှိတယ်ဆိုရင် သူက ပွဲထွက်တောင် ကစားနိုင်ပါတယ်’ ဟု မန်စီးတီးအသင်းမှ   ပြောဆိုထားသည်။

မန်စီးတီးအသင်းသည် ဂန်ဒိုဂန်ကို ယခုနှစ်ရာသီမစတင်မီက ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့် ဒေါ့တ်မွန်အသင်းထံမှ ဝယ်ယူထားခြင်းဖြစ်သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly