မန်ချက်စတာယူနိုက်တက်အသင်း ပင်နယ်တီနှစ်ကြိမ်ရခဲ့သင့်ဟု မော်ရင်ဟိုပြော

မန်ချက်စတာယူနိုက်တက်အသင်း ပင်နယ်တီနှစ်ကြိမ်ရခဲ့သင့်ဟု မော်ရင်ဟိုပြော

စက်တင်ဘာ ၁၁၊ မန်ချက်စတာ။             ။ မန်ချက်စတာဒါဘီပွဲတွင် စီးတီးကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့ရသည့် ယူနိုက်တက်အသင်းအနေဖြင့် ပင်နယ်တီနှစ်ကြိမ် ရခဲ့သင့်သည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

စီးတီးဂိုးသမား ဘရာဗိုသည် ရွန်နီနှင့်အပြိုင်ဘောလုံးကိုလုယူခဲ့သည့်အဖြစ်အပျက်တွင် ပင်နယ်တီရသင့်သည့်အပြင် အနီကတ်ပါ ပြခံရသင့်သည်ဟု မော်ရင်ဟိုက ယုံကြည်နေသည်။

ထို့ပြင် စီးတီးနောက်ခံလူ အော်တာမန်ဒီ၏နောက်ကျောဖြင့်သာဘောလုံးထိမိပုံပေါ်သည်အဖြစ်အပျက်တွင်လည်း ကွင်းလယ်ဒိုင် မာ့ခ်ကလတ်တန်ဘတ်က ပင်နယ်တီသတ်မှတ်ပေးသင့်သည်ဟု မော်ရင်ဟိုက ယူဆနေသည်။

“မာ့ခ်က အမှားကြီးနှစ်ခုလုပ်ခဲ့တယ်။ ဘရာဗိုက ပင်နယ်တီပေးရပြီး အနီကတ်ပြခံခဲ့ရမှာ။ တကယ်လို့ ကျွန်တော့်ကစားသမား တစ်ယောက်ယောက်သာ ကွင်းလယ်မှာ၊ ဖယ်လိုင်နီ ဒါမှမဟုတ် ရွန်နီသာ ကွင်းလယ်မှာ အဲဒါမျိုးလုပ်မိခဲ့ရင် အနီကတ်နဲ့ တည်ကန်ဘောဖြစ်မှာပါ။

ဂိုးဧရိယာထဲကျတော့ ပေးဖို့ပိုခက်ပြီး သူကလည်း မပေးချင်ခဲ့ဘူး။ နောက်တစ်လုံးကတော့ အော်တာမန်ဒီရဲ့ လက်ထိဘောပါ။

သုံးသပ်သူတစ်ချိ့ကတော့ မဟုတ်ဘူးလို့ဆိုကြတယ်။ ဘာကြောင့်လဲဆိုတော့ လက်မောင်းအနောက်ဘက်နဲ့ထိလို့တဲ့။ ဒါပေမဲ့ သူသိပါတယ်။ ဘောလုံးကိုသူကြည့်နေတာ။ ဒီဆုံးဖြတ်ချက်တွေအတွက် ကျွန်တော်တို့ မပျော်ပါဘူး”ဟု မော်ရင်ဟိုက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly