ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတစ်ဝက်က လူသိမ်ဖျင်းများဖြစ်ဟု ဟီလာရီကလင်တန်ပြော

ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတစ်ဝက်က လူသိမ်ဖျင်းများဖြစ်ဟု ဟီလာရီကလင်တန်ပြော

နယူးယောက်၊ စက်တင်ဘာ ၉ ။            ။ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများ၏ တစ်ဝက်က လူသိမ်ဖျင်းများဖြစ်ကြောင်း ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်က ပြောလိုက်သည်။

 ရန်ပုံငွေရှာဖွေပွဲတစ်ရပ်၌ ဟီလာရီကလင်တန်က ထရမ့်ထောက်ခံသူများ၏ တစ်ဝက်က “လူမျိုးရေးခွဲခြားသူများ၊ လိင်ခွဲခြားသူများ၊ လူတောမတိုးသူများ၊ အစ္စလာမ်မုန်းတီးသူများ ပါပဲ။”ဟု ပြောလိုက်ခြင်းဖြစ်သည်။

 ကျန်သည့်တစ်ဝက်ကလည်း အပြောင်းအလဲကို ကြောက်ရွံ့နေသူများသာဖြစ်ကြောင်းလည်း ဟီလာရီက ပြောသည်။

 ထိုမှတ်ချက်စကားသည် အမေရိကန် သန်းပေါင်းများစွာကို ဆဲရေးစော်ကားလိုက်ခြင်းပဲဖြစ်ကြောင်း ထရမ့်၏ မဲဆွယ်စည်းရုံးမှုမန်နေဂျာဖြစ်သူက တုံ့ပြန်ပြောသည်။

 ယခုသီတင်းပတ်အစောပိုင်းက မဲရလဒ်တွင် ဒေါ်နယ်ထရမ့်က ဟီလာရီကလင်တန်ကို အမှီလိုက်လာနေပြီး ပြိုင်ဖက်နှစ်ဦးအနေဖြင့် အိုဟိုင်းယိုးနှင့် ဖလော်ရီဒါ အဓိကပြည်နယ်များတွင် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly