ကိုယ့်ကိုကိုယ် သတ်သတ်မှုကို တားဆီးရေးအတွက် လိုအပ်သော သတိပြုမှုကို မြှင်တင်ပေးတဲ့ “ Infinite Challenge” ရုပ်သံအစီစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဆုချီးမြှင့်

ကိုယ့်ကိုကိုယ် သတ်သတ်မှုကို တားဆီးရေးအတွက် လိုအပ်သော သတိပြုမှုကို မြှင်တင်ပေးတဲ့ “ Infinite Challenge” ရုပ်သံအစီစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဆုချီးမြှင့်

ဆိုးလ် ၊ စက်တင်ဘာ ၉ ။           ။ တောင်ကိုရီးယားနိုင်ငံ၏ “ Infinite Challenge” ရုပ်သံအစီစဉ်သည်  ကိုယ့်ကိုကိုယ် သတ်သေမှုကို တားဆီးရေးအတွက် လိုအပ်သော သတိပြုမှုများကို မြင့်တင်ပေးသည့်အတွက် ကျန်းမာရေး နှင့် သက်သောချောင်ချိရေးဝန်ကြီးဌာနက ဆုချီးမြှင့်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ Infinite Challenge” ရုပ်သံအစီစဉ်၏ “ Erasing Your Bad Memories” ဟုအမည်ပေးထားသော အပိုင်းသည် ကိုယ့်ကိုကိုယ်သတ်သေရန် ကြံစည်သူများကို ပညာပေးခြင်းဖြင့် စိတ်သောကများကို သက်သာရရစေသည့်အကြောင်းကို ပုံဖော်ရိုက်ကူးထားသည်။

“ယင်းအပိုင်းဟာ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းကို ပြင်းထန်စွာခြိမ်းခြောက်နေတဲ့ ကိုယ့်ကိုကိုယ်သတ်သေမှု အကြောင်းအရာတွေကို ပုံဖော်ထားတယ်။ဒါဟာ ကိုယ့်ကိုကိုယ်သတ်သေမှုကို တားဆီးဖို့ လိုအပ်တဲ့ အမျိုးသားရေးသတိပြုမှုတွေကို တိုးမြှင့်လာစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်”ဟု ကျန်းမာရေး နှင့်သက်သာချောင်ချိရေးဝန်ကြီးဌာနက ပြောကြားသည်။

“ Infinite Challenge” ရုပ်သံအစီစဉ်ပူးတွဲအစီစဉ်၏ ပူးတွဲအစီစဉ်တင်ဆက်သူများသည်  ကိုယ့်ကိုကိုယ်သတ်သေမှုကို တားဆီးရေး ကြော်ငြာများတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly