ပရိသတ်တစ်ဦး၏ စျာပနစရိတ်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

ပရိသတ်တစ်ဦး၏ စျာပနစရိတ်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁၀ ။             ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် အယ်လ်ဘာမာပြည်နယ်တွင် အလုပ်သမားနေ့က ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သော ပရိသတ်တစ်ဦးဖြစ်သူ ကေတီဘက်ကာတာ၏ ဈာပနစရိတ်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းခဲ့သည်။

တေလာသည် ဂျက်ဆွန်ဗဲလ်ပြည်နယ်တက္ကသိုလ်တွင် ပညာသင်ကြားနေသော အသက် ၁၈ နှစ်အရွယ် ဘဲလေးကချေသည်၏ ဆေးဝါးကုန်ကျစရိတ် နှင့် ဈာပနကုန်ကျစရိတ်ကို  အကူညီပေးရန်  GoFundMe အွန်လိုင်းစာမျက်နှာမှတစ်ဆင့် လှူဒါန်းခဲ့သည်။

 “ ကေတီ မင်းကွယ်လွန်သွားတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းနည်းမိပါတယ်။ငါ မင်းအကြောင်းကို ဘယ်လောက်ထိတွေးနေတယ်ဆိုတာ မင်းသိပေးပါ။ မင်းရဲမိသားစုတွေအတွက်လည်း ဆုတောင်းပေးနေပါတယ် ”ဟု တေလာက GoFundMe စာမျက်နှာတွင် ရေးသားခဲ့သည်။

 ကေတီသည် မိသားစုနှင့်အတူ  အားလပ်ရက်မျာကို ကုန်ဆုံးခဲ့ပြီးနောက် ကျောင်းသို့ ပြန်ရာတွင် ၎င်းစီးလာသော Honda Accord ကားကို နောက်တွဲယာဉ်ပါ ကုန်တင်ယာဉ်က ဝင်တိုက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

တေလာဆွစ်ဖ်သည်  လော့စ်အိန်ဂျလိစ်မြို့ Cedars- Sinia Medical Center တွင် ၎င်း၏မွေးစားသားဖြစ်သူ မွေးရာပါနှလုံးရောဂါ ကုသမှုခံယူခဲ့ပြီးနောက်ပိုင်း မကြာသေးမီက Cedars- Sinia Medical Center ကို လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly