ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့၏ အပြောင်းအရွှေ့အယူခံရှုံးနိမ့်

ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့၏ အပြောင်းအရွှေ့အယူခံရှုံးနိမ့်

စက်တင်ဘာ ၉၊ မက်ဒရစ်။                 ။ ဖီဖာက လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကစားသမားဝယ်၊ ရောင်းခွင့်ပိတ်ထားခြင်းကို ရီးယဲမက်ဒရစ်နှင့် အက်သလက်တီကိုတို့ အယူခံဝင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

အသက် ၁၈ နှစ်အောက် ပြည်ပ ကစားသမားခေါ်ယူခွင့် မပြုဆိုသည့် ဖီဖာ၏စည်းမျဉ်းကို ချိုးဖောက်ခဲ့သဖြင့် မက်ဒရစ် မြို့ခံနှစ်သင်းမှာ အပြောင်းအရွှေ့ ကာလနှစ်ခု ပိတ်ပင်ခံရခြင်းဖြစ်သည်။

ယင်းပြစ်ဒဏ်ကို ဇန်နဝါရီကတည်းကချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း အသင်းနှစ်သင်းလုံးက အယူခံဝင်ထားသောကြောင့် ယခုနှစ် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ကစားသမား ဝယ်၊ရောင်းခွင့် ရခဲ့ခြင်းဖြစ်သည်။

မက်ဒရစ်မြို့ခံနှစ်သင်းမှာ စပိန်ကလပ်အသင်းနှစ်သင်းမှာ အားကစားအငြင်းပွားမှုဆိုင်ရာ ခုံရုံးသို့ ဆက်လက်အယူခံဝင်ကြမည် ဖြစ်သည်။

ကလပ်အသင်းနှစ်သင်းမှာ ငွေဒဏ်လည်းချမှတ်ခံထားရပြီး အက်သလက်တီကိုအသင်းမှာ ဆွစ်ဖရန့် ၉၀၀,၀၀၀၊ ရီးယဲလ် မက်ဒရစ်က ၃၆၀,၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly