အိုဆာဆူနာနဲ့ ရင်ဆိုင်မယ့် ပွဲမှာ ရီးယဲလ်နဲ့အတူ ပြန်လည်ပါ၀င်လာမယ့် စီရော်နယ်လ်ဒို

အိုဆာဆူနာနဲ့ ရင်ဆိုင်မယ့် ပွဲမှာ ရီးယဲလ်နဲ့အတူ ပြန်လည်ပါ၀င်လာမယ့် စီရော်နယ်လ်ဒို
(ဓာတ်ပုံ - အီးပီအေ)

စီရော်လ်နယ်ဒိုက လာမယ့် စနေနေ့ လာလီဂါပွဲစဉ် အိုဆာဆူနာနဲ့ ရင်ဆိုင်မယ့်ပွဲတွင် ရီးယဲလ်အတွက် ပါဝင်ကစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် (၃၁) အရွယ် စီရော်လ်နယ်ဒိုမှာ ယူရို ၂၀၁၆ ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမား ပါယက်နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာ ရရှိတာကြောင့် ဥရောပစူပါဖလားနှင့် ရီးယဲလ်ရဲ့ လာလီဂါရာသီပွဲစဉ်အချို့ကို လွှဲချော်ခဲ့ကာ လက်ရှိအချိန်ထိ အနားယူနေရသူဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်က သူပြန်ကစားဖို့ အသင့်ဖြစ်နေကြောင်း သတင်းထောက်များကို ဖြေကြားရာမှာ "အိုဆာဆူနာနဲ့ပွဲစဉ်မှာ ပါဝင်ကစားသွားမှာပါ"လို့ ပြောပါတယ်။

ရီးယဲလ်အသင်းက  လာလီဂါ အဖွင့် နှစ်ပွဲဖြစ်တဲ့ ဆိုစီဒက်နှင့် ဆဲလ်တာဗီဂိုတို့ကို အနိုင်ရရှိထားပါတယ်။

Ref; Goa.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly