ပုဂ္ဂိုလ်ရေးစော်ကားမှု စကားတစ်ခွန်းကြောင့် စိတ်ဝမ်းကွဲခဲ့ကြသည့် အိုဘားမားနှင့် ဒူတာတေးတို့ အာဆီယံ အစည်းအဝေးတွင် လက်ဆွဲနှုတ်ဆက်ပြီး စကားအနည်းငယ် ပြောခဲ့

ပုဂ္ဂိုလ်ရေးစော်ကားမှု စကားတစ်ခွန်းကြောင့် စိတ်ဝမ်းကွဲခဲ့ကြသည့် အိုဘားမားနှင့် ဒူတာတေးတို့ အာဆီယံ အစည်းအဝေးတွင် လက်ဆွဲနှုတ်ဆက်ပြီး စကားအနည်းငယ် ပြောခဲ့

စက်တင်ဘာ ၈ ။                  ။ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားနှင့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးတို့နှစ်ဦး စက်တင်ဘာ ၇ ရက်က အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီး စကားစမြည်   ပြောဆိုမှုရှိခဲ့သည့် တာဝန်ရှိသူများက ပြောသည်။

လာအိုတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင်က "မိန်းမပျက်သား" ဟု အိုဘားမားအား ဒူတာတေးက ခေါ်ဆိုသုံးနှုန်းခဲ့သည့် စကားတစ်ခွန်းကြောင့် နှစ်ဘက်ခေါင်းဆောင်များအကြား ခပ်တန်းတန်းဖြစ်သွားခဲ့ကာ တွေ့ဆုံမည့်အစီအစဉ်ပင် ပျက်ခဲ့ရသည်။

ခေါင်းဆောင်နှစ်ဦးသည် စက်တင်ဘာ ၆ ရက်က တွေ့ဆုံရန် ကြိုတင်စီစဉ်ထားခဲ့သော်လည်း ဒူတာတေး၏ ပုဂ္ဂိုလ်ရေးစော်ကားသည့်စကားတစ်ခွန်းကြောင့် အိမ်ဖြူတော်က တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်သိမ်းသွားခဲ့သည်။

ယခုအခါ ခေါင်းဆောင်နှစ်ဦးသည် လာအိုအစည်းအဝေးတွင် ညစာစားပွဲမတိုင်မီ အခိုက်အတန့် တွေ့ဆုံမှု ရှိခဲ့သည်ဟု သိရသည်။

" အစည်းအဝေးခန်းထဲမှာ သူတို့နှစ်ဦး တွေ့ခဲ့ကြပါတယ်၊ အဲဒီအခန်းထဲကနေ သူတို့နှစ်ယောက်ပဲ နောက်ဆုံးမှ ထွက်လာကြတာပါ၊ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ပြီး စကားနည်းနည်းလောက်   ပြောခဲ့ကြပါတယ်၊ ဒီလိုမျိုး တွေ့ရတော့ အရမ်းကို ဝမ်းသာရပါတယ်" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပါဖက်တို ယေဆေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags