ရခိုင်အမျိုးသားပါတီမှ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး တစ်ဦးကို အမှုဖွင့်

ရခိုင်အမျိုးသားပါတီမှ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး တစ်ဦးကို အမှုဖွင့်

ရန်ကုန်၊ စက်တင်ဘာ ၇ ။            ။ နိုင်င်ငံသား ဖြစ်ခွင့်မရှိသေးသည့်သူကို နိုင်ငံသားစီစစ်ရေးကဒ်ပြားထုတ်ပေးသည်ဟုဆိုကာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွန်ကြားရေးမှူး တစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စစ်တွေမြို့မ ရဲစခန်းမှ သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကဒ်ပြားထုတ်ပေးသည့် အချိန်တွင် မမြနန္ဒာခင်ခေါ် အမျိုးသမီးတစ်ဦး အား လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူး ဦးဝင်းလွင်မှ နိုင်ငံသားစီစစ်ရေးကဒ် ထုတ်ပေးခဲ့ခြင်းကြောင့် ရခိုင်အမျိုး သားပါ တီ (ANP)၊ စစ်တွေမြို့နယ်မှ အတွင်းရေးမှူး ဦးအောင်သန်းဝေက စက်တင်ဘာလ ၃ရက်နေ့တွင် တရားလိုပြု လုပ်တိုင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဥပဒေအရ နိုင်ငံသားမိဘ နှစ်ပါးမှမွေးဖွားသူများ လို့ အဓိပ္ပါယ် ဖွင့်ဆိုထားတာကို သိပါလျှက်နဲ့ မြနန္ဒာခင်ရဲ့ မိဘနှစ်ပါး သည် နိုင်ငံသားစီစစ်ရေး ကဒ်ပြားမကိုင်ဆောင်သော   နိုင်ငံသားဖြစ်ရှိခွင့်မရှိသေးသူ ဖြစ်နေတယ်။ အဲ့တာကြောင့်မို့ သူ့ ကို ပြည်ထောင်စု မြန်မာနိုင်ငံသားဥပဒေ နိုင်ငံသားစီစစ်တဲ့ ဥပဒေ ပုဒ်မ ၁၉အရ  အမှုဖွင့်ထားတာဖြစ်တယ် “ လို့ ဦး အောင်သန်းဝေက ပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံ ဆက် သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်ထားသော်လည်း အမှုမှန် မမှန်ကိုစစ်ရေးရဦးမည်ဖြစ်ကြောင်း စစ် တွေမြို့မရဲစခန်းမှ ဒုရဲမှူး ရန်နိုင်လတ်ကမဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်မှ အဖြူရောင်ကတ် ကိုင်ဆောင်ခဲ့သူ ၃၀ ဦးအား နိုင်ငံသား စိစစ်ရေး ရှေ့ပြေးစီမံကိန်းအတွက် ဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ရာတွင် အဆိုပါ  အမျိုးသမီးလည်း အပါအဝင်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အနေဖြင့်  ၁.၇.၂၀၁၁ မှ ၃၁.၅.၂၀၁၃ အတွင်း မိုးပွင့်စီမံချက် အဆင့် ၁ မှ အဆင့် ၅ ထိနိုင်ငံတစ်ဝှမ်းဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly