ပေါင်ခြံဒဏ်ရာရနေတဲ့ မက်ဆီ ဆဲလ်တစ်နဲ့ပွဲအမီ ပြန်လာဖို့ရှိ

ပေါင်ခြံဒဏ်ရာရနေတဲ့ မက်ဆီ ဆဲလ်တစ်နဲ့ပွဲအမီ ပြန်လာဖို့ရှိ
(ဓာတ်ပုံ - အီးပီအေ)

ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရတဲ့ မက်ဆီဟာ လာမယ့် လာလီဂါပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်ပွဲစဉ် ဆဲလ်တစ်နှင့် ကစားရမယ့်ပွဲစဉ်အတွက် ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

မက်ဆီဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီစဉ်မှာ ပါဝင်နိုင်ခြင်း မရှိသေးပေမယ့် အပေ့ါစား gym လေ့ကျင့်ခန်းများကိုသာ လုပ်ဆောင်နေလို့ ဆိုပါတယ်။

သောကြာနေ့မှာ မက်ဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးမှာ ပါဝင်ဆောင်နိုင်မယ်ဆိုရင် စနေ့နေ့ လာလီဂါပွဲစဉ်မှာ ပါဝင်နိုင်မယ့် အခွင့်အရေး ရှိသော်လည်း ကစားဖို့ အကောင်းဆုံးအနေအထားဖြစ်မဖြစ် နည်းပြနှင့် ကစားသမားဟာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ လူးဝစ္စအင်းနရစ်က ဘာစီလိုနာအသင်းအတွက် အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဆဲလ်တစ်နဲ့ပွဲမှာ မက်ဆီကို ကြံ့ခိုင်မှု အင်အားပြည့် အသုံးပြုလိုတာကြောင့် လာလီဂါပွဲစဉ် အလာဗတ်စ်နဲ့ပွဲမှာ အသင်းကနေ ချန်လှပ်ထားဖွယ်ရှိနေပါတယ်။

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly