စင်ကာပူတွင် ဇီကာဖြစ်ပွားသူ ၂၅၀ ကျော်လာ

စင်ကာပူတွင် ဇီကာဖြစ်ပွားသူ ၂၅၀ ကျော်လာ

စင်ကာပူ၊ စက်တင်ဘာ ၆ ။           ။ စက်တင်ဘာ ၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ဇီကာကူးစက်ခံရသူ ၁၆ ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အမျိုးသားသဘာဝအေဂျင်စီက ပူးတွဲထုတ်ပြန်ရာ    နိုင်ငံအတွင်း ဇီကာကူးစက်ခံရသူပေါင်း ၂၅၈ ဦးအထိ ရှိသွားပြီဖြစ်သည်။

ရောဂါကူးစက်ဖြစ်ပွားရာအရပ်များတွင် ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယင်းအေဂျင်စီက ပြောသည်။

ခြင်ပေါက်ဖွားရာ နေရာများအဖြစ် အိမ် ၃၇ လုံးရှိ နေရာနှင့် အများပြည်သူနှင့်ဆိုင်သော နေရာမှ ၂၆ နေရာတို့ကို တွေ့ရှိကာ ခြင်မအောင်းနိုင်အောင် လုပ်ဆောင်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်၌   အေဂျင်စီက ပြောသည်။

ဇီကာပိုးသည် အေဒီးစ်ခြင်တစ်မျိုးမှတစ်ဆင့် ကူးစက်နိုင်ပြီး ကူးစက်သူတွင် ဖျားနာခြင်းဝေဒနာများခံစားရသည်။ ကိုယ်ဝန်သည်ကူးစက်မှုတွင် မွေးဖွားလာသည့်ကလေးများ၌ ဦးနှောက်မူမှန်ခြင်းနှင့် ဦးခေါင်းသေးငယ်ခြင်းများ ဖြစ်ပွားစေသည်။

ရောဂါကူးစက်မှုဖြစ်ရာ အရပ်များတွင် နေထိုင်လုပ်ကိုင်သူများသာမကပဲ ကူးစက်ခံရသည့် လက္ခဏာပြသူတိုင်းအတွက် ဇီကာစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ရန်ပုံငွေတိုးချဲ့ချထားပေးမည်ဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက် အစောပိုင်း၌ ကြေညာခဲ့သည်။

   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags