မော်ရင်ဟိုကြောင့် အာဆင်နယ်နှင့် မန်စီးတီးတို့ကို ငြင်းပယ်ခဲ့ကြောင်း အီဗရာဟီမိုဗစ် ဖွင့်ဟ

မော်ရင်ဟိုကြောင့် အာဆင်နယ်နှင့် မန်စီးတီးတို့ကို ငြင်းပယ်ခဲ့ကြောင်း အီဗရာဟီမိုဗစ် ဖွင့်ဟ

စက်တင်ဘာ ၅၊ အင်္ဂလန် ။            ။ မန်ယူအသင်းကို ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသည့် နည်းပြမော်ရင်ဟိုကိုင်တွယ်နေခြင်းကြောင့် အာဆင်နယ်နှင့်မန်စီးတီးတို့၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည်ဟု ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဖွင့်ဟပြောဆိုလိုက်သည်။

အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည့် အီဗရာဟီမိုဗစ်ကို ဥရောပတစ်လွှားရှိထိပ်တန်းကလပ်များ၊ တရုတ်စူပါလိဂ်ကလပ်များနှင့် မေဂျာလိဂ်ကလပ်များက ခေါ်ယူလိုခဲ့သော်လည်း ပီအက်စ်ဂျီတိုက်စစ်မှူးက မန်ယူကို ပြောင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်သို့ဘောလုံးလာကစားရန် “masterbrain” မော်ရင်ဟိုတစ်ဦးသာ ၎င်းကို ဖျားယောင်းသွေးဆောင်နိုင်သည်ဟုလည်း မိုဗစ်က ပြောဆိုခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်သည် မန်ယူအသင်းအတွက် ပွဲထွက်ကစားထားသည့် လေးပွဲတွင် လေးဂိုးသွင်းယူပြီး သူ၏အရည်အချင်းကို ပြသနေသူဖြစ်သည်။

‘ပရီးမီးယားလိဂ်ကို ရောက်ဖို့ နှစ်ကြိမ်နီးစပ်ခဲ့ပါတယ်။ အာဆင်နယ်ကို တစ်ကြိမ်၊ မန်စီးတီးကို တစ်ကြိမ်ပါ။ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ပရီးမီးယားလိဂ်မှာ ကစားဖို့လည်း မလိုအပ်ခဲ့ပါဘူး။

မော်ရင်ဟိုက သူမတူတဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိသူပါ။ သူက ကြိုးကိုင်ခြယ်လှယ်နိုင်သူလည်း ဖြစ်ပါတယ်။ အနိုင်ရဖို့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိသူပါ။ အင်တာမီလန်မှာတုန်းက သူ့ဆီကနေ အများကြီးသင်ယူရရှိခဲ့ပါတယ်’  ဟု မိုဗစ်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly