အငြင်းပွားရေပြင်၌ သင်္ဘောအုပ်စု ခုတ်မောင်းခြင်းကြောင့် တရုတ်ကို ဖိလစ်ပိုင်က ရှင်းလင်းချက်တောင်း

အငြင်းပွားရေပြင်၌ သင်္ဘောအုပ်စု ခုတ်မောင်းခြင်းကြောင့် တရုတ်ကို ဖိလစ်ပိုင်က ရှင်းလင်းချက်တောင်း

မနီလာ၊ စက်တင်ဘာ ၅ ။           ။  ပိုင်ဆိုင်မှု အငြင်းပွားနေရာ တောင်တရုတ်ပင်လယ်ရှိ ကမ်းနီးသောင်ပြင်တစ်နေရာ၌ တရုတ်သင်္ဘောများ လာရောက်ရှိနေခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းချက်ပေးရန် တရုတ်နိုင်ငံအား ဖိလစ်ပိုင်က တောင်းဆိုကြောင်း အလွန်စိုးရိမ်စရာအဖြစ် ဖော်ပြလျက် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၄ ရက်၌ ပြောသည်။

ဖိလစ်ပိုင် လေတပ်လေယာဉ်တစ်စင်းက တရုတ်ကမ်းခြေစောင့်သင်္ဘောလေးစင်းအား စက်တင်ဘာ ၃ ရက်က အငြင်းပွားရေပြင်တွင် ထောက်လှမ်းတွေ့မြင်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်းလောရန်ဇာနာက ပြောသည်။

“ဒီလို သင်္ဘောတွေ များများစားစားရှိနေတာကို တွေ့လိုက်ရတာဖြစ်ပြီး ကမ်းခြေစောင့်တပ်အတွက် အလွန်စိုးရိမ်စိတ်ဖြစ်ခဲ့ရတယ်။”ဟု လောရန်ဇာနာက ပြောသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သံအမတ်ကြီးကို ခုကိစ္စအတွက် ရှင်းလင်းဖို့ ပြောထားပြီးလည်းဖြစ်ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။

တရုတ် သင်္ဘောအုပ် ချဉ်းကပ်လာသည့် ကမ်းနီးသောင်ပြင်သည် ဖိလစ်ပိုင် လုဇွန်ကျွန်းမှ ၂၃၀ ကီလိုမီတာအကွာအဝေးတွင် ရှိပြီး နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့်   နေရာတစ်နေရာ လည်းဖြစ်သည်။

ယခုနှစ်အစောပိုင်းကလည်း ထိုနေရာတွင် တရုတ်တို့က လူလုပ်ကျွန်းတည်ဆောက်ရန် လုပ်ဆောင်တော့မည့် အနေအထားမျိုး ရှိခဲ့ပြီး အမေရိကန်က ကြားဝင်ဖျောင်းဖြ ခဲ့ရကြောင်းလည်း   လောရန်ဇာနာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly