မန်ချက်စတာဒါဘီပွဲအမီ လုခ်ရှောပြန်လည်ကြံ့ခိုင်ရန် အလာဒိုက်မျှော်လင့်

မန်ချက်စတာဒါဘီပွဲအမီ လုခ်ရှောပြန်လည်ကြံ့ခိုင်ရန် အလာဒိုက်မျှော်လင့်

စက်တင်ဘာ ၄၊ မန်ချက်စတာ။            ။ မန်ချက်စတာဒါဘီပွဲအမီ နောက်ခံလူ လုခ်ရှောပြန်လည်ကြံ့ခိုင်လာစေရန် အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်က မျှော်လင့်နေသည်။

စနေနေ့ကပြုလုပ်သောအင်္ဂလန်အသင်း၏လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့သည့် လုခ်ရှောသည် ထိခိုက်ဒဏ်ရာရမည်ကို သတိထားသည့်အနေဖြင့် ဆလိုဗက်ကီးယားနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်စက်တင်ဘာက ခြေထောက်ရိုးနှစ်ချောင်းကျိုးခဲ့ပြီး တစ်ရာသီလုံးနီးပါးအနားယူခဲ့ရသည့် ဘယ်နောက်ခံလူ လုခ်ရှော နှင့်ပတ်သက်ပြီး ဆမ်အလာဒိုက်က “သူ့ခြေထောက်မှာ ပြဿနာနည်းနည်းရှိနေတယ်။ ကြွက်သားနည်းနည်းကိုက်နေတာ။

ဒါကြောင့် သူ့ကိုအသုံးမပြုချင်ဘူး။ ကျိုးထားတဲ့ခြေထောက်ဘက်က ခြေသလုံးကြွက်သားမှာ ပြဿနာရှိနေတာပါ။ ပွဲကစားလို့ရ ပေမယ့် သက်သောင့်သက်သာရှိမှာတော့မဟုတ်ဘူး။ ဒါကြောင့် ယူနိုက်တက်ဆီကို ပြန်လွှတ်လိုက်ရတာ။

ဆလိုဗက်ကီးယားနဲ့ပွဲမကစားထားတဲ့သူဟာ ယူနိုက်တက်ရဲ့ လာမယ့်ပွဲမှာလည်း အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော် အံ့သြမိ မှာပါ” ဟု ပြောသည်။

မော်ရင်ဟိုသည်လည်း လုခ်ရှောပါဝင်ကစားနိုင်စေရန်မျှော်လင့်နေမည်ဖြစ်သည်။ လက်ရွေးစင်အသင်းတာဝန်ကြောင့် သောကြာ နေ့မတိုင်မီအသင်းသို့ပြန်ရောက်လာရန်မရှိသည့် ဗလင်စီယာမှာ ပါဝင်ကစားနိုင်မည်မဟုတ်ဟု မော်ရင်ဟိုက ပြောဆိုထားသည်။

ရိုဟိုမှာလည်း အာဂျင်တီးနားအသင်းအတွက်ကစားပေးနေရပြီး ဘော့ဝစ်ဂျက်ဆင်မှာ အငှားထွက်ကစားနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly