အသင်းမဲ့နေသော အနီချီဘီကို ရာသီကုန်ထိ ဆန်းဒါးလန်းအသင်းခေါ်ယူ

အသင်းမဲ့နေသော အနီချီဘီကို ရာသီကုန်ထိ ဆန်းဒါးလန်းအသင်းခေါ်ယူ

စက်တင်ဘာ ၃၊ ဆန်းဒါးလန်း။                        ။ ဆန်းဒါးလန်းအသင်းသည် အသင်းလက်မဲ့နေသော ဗစ်တာ အနီချီဘီကို ရာသီကုန်ထိစာချုပ်ဖြင့်ခေါ်ယူလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ နိုက်ဂျီးရီးယားတိုက်စစ်မှူးသည် မေလတွင် ဝက်စ်ဘရွန်းအသင်းနှင့် စာချုပ်ကုန်သွားပြီးနောက် အသင်း လက်မဲ့နေသူဖြစ်သည်။  အနီချီဘီသည် ဆန်းဒါးလန်းနည်းပြ   ဒေးဗစ်မိုယက်စ် အဲဗာတန်အသင်းကိုကိုင်တွယ်စဉ်က ခုနစ်ကြာ ကစားခဲ့ဖူးသူဖြစ်သည်။

“ဒီမှာ ကျွန်တော့်သူငယ်ချင်းကောင်းတွေအများကြီးရှိနေပြီ နည်းပြအကြောင်းကိုလည်း ကျွန်တော်ကောင်းကောင်းသိတယ် ဆိုတာ အားလုံးသိကြပါတယ်။

ကျွန်တော်ငယ်ငယ်ကတည်းက သူကခေါ်ယူခဲ့ဖူးပြီး အခုလည်း သူက အဓိကကျပါတယ်”ဟု အနီချီဘီက ပြောသည်။

ဆန်းဒါးလန်းအသင်းတွင် ဒီဖိုးတစ်ဦးတည်းသာ စီနီယာတိုက်စစ်မှူးအဖြစ်ရှိနေသောကြောင့် အနီဘီချီကို ခေါ်ယူခဲ့ရခြင်း ဖြစ်သည်။

နိုင်ဂျီးရီးယားလူမျိုး အနီချီဘီသည် အသက်တစ်နှစ်အရွယ်တွင် လာဂိုစ်မှ လီဗာပူးလ်မြို့သို့ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။ အဲဗာတန်နှင့် ဝက်စ်ဘရွန်းအတွက် ၂၂၈ ပွဲကစားပြီး ၃၅ ဂိုးသွင်းထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly