ဥဇဘတ်ကစ္စတန် သမ္မတ ကွယ်လွန်

ဥဇဘတ်ကစ္စတန် သမ္မတ ကွယ်လွန်

တက်ရှ်ကန့်၊ စက်တင်ဘာ ၃     ။            ။  အာရှ၏ အာဏာရှင်ခေါင်းဆောင်များတွင် တစ်ဦးဖြစ်သော ဥဇဘတ်ကစ္စတန်သမ္မတ အစ္စလာမ်ကာရီမော့ဗ်သည် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်ပြီဖြစ်၍ ဈာပနအခမ်းအနားအတွက် ပြင်ဆင်လျက်ရှိနေသည်။

လေသင်တုန်းဖြတ်၍ ဆေးရုံတွင် ခြောက်ရက်ကြာတက်ရောက်ပြီးနောက် ကွယ်လွန်ခြင်းဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၂ ရက်၌ ကြေညာသည်။    ကာရီမော့ဗ်သည် တိုင်းပြည်အား ၂၇ နှစ်ကြာ အုပ်ချုပ်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေးအုပ်စုများ၏ စွပ်စွဲပြစ်တင်ခြင်းများ ခံထားရသူလည်းဖြစ်သည်။

စက်တင်ဘာ ၃ ရက် ဈာပနအခမ်းအနား ကျင်းပပြီဖြစ်သော်လည်း ၎င်း၏ နေရာတွင် မည်သူဆက်ခံမည်ဆိုသည်ကို တိတိပပ မသိရသေးပေ။

သို့သော်လည်း ကာရီမော့ဗ်၏ မွေးရပ် ဆာမတ်ခန့်မြို့တွင် ပြုလုပ်သည့် ဈာပနကို ကြီးကြပ်ကွပ်ကဲမည်က ဝန်ကြီးချုပ်ဖြစ်သူ ရှာဗကက်မီဇီရို့ယက်ဗ်ဖြစ်ရာ ၎င်းက သမ္မတအရိုက်အရာကို ဆက်ခံသူဖြစ်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags