ပေါင်ခြံဒဏ်ရာရနေတဲ့ မက်ဆီ ဗင်နီဇွဲလားနဲ့ပွဲ လွှဲချော်မည်

ပေါင်ခြံဒဏ်ရာရနေတဲ့ မက်ဆီ ဗင်နီဇွဲလားနဲ့ပွဲ လွှဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားက ဥရုဂွေးကို တစ်ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ မက်ဆီဟာ ပေါင်ခြံဒဏ်ရာရရှိပြီးနောက် အင်္ဂါနေ့မှာ ကစားမယ့် ဗင်နီဇွဲလားပွဲကို လွှဲချော်မှာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ ကစားသမားဘဝ အနားယူရာမှ တစ်ကျော့ပြန်လာတဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဥရုဂွေးနဲ့ ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပြီး အာဂျင်တီးနားအသင်းကို တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ထိပ်ဆုံးနေရာသို့ ပို့ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ မက်ဆီက သူ့ရဲ့ ပေါင်ခြံဒဏ်ရာ "အများကြီး နာကျင်" ခံစားရတယ်လို့ ပြောပါတယ်။

အာဂျင်တီးနားအသင်း နည်းပြ ဘောင်ဇာက "သူ (မက်ဆီ) ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အရဲစွန့် အသုံးပြုမှာ မဟုတ်ပါဘူး။ ကျနော်တို့ သူ့ကို ဂရုစိုက်ရမှာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ (၁၈) ပွဲမှာ (၇) ပွဲကစားပြီးတဲ့နောက်မှာ အာဂျင်တီးနားက ဥရုဂွေး၊ ကိုလံဘီယာနှင့် အီကွေဒေါတို့အထက် (၁) မှတ်အသာ၊ အဆင့် (၅) မှာရှိတဲ့ ဘရာဇီးကိုတော့ (၂) မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly