လိုင်လီ ကွင်းလယ်လူ ဘူဖယ်လ်ကို ဆောက်သမ်တန်အသင်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ

လိုင်လီ ကွင်းလယ်လူ ဘူဖယ်လ်ကို ဆောက်သမ်တန်အသင်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ
(အီးပီအေ)

ဆောက်သမ်တန်အသင်းက ပြင်သစ်ကလပ် လိုင်လီအသင်းမှ မော်ရိုကို ကွင်းလယ်တိုက်စစ်မှူး ဘူဖယ်လ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၆) သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။

အသက် (၂၂) အရွယ် ဘူဖယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက (၁၁) ဂိုးသွင်းပြီး လိုင်လီအသင်းကို လိဂ် (၁) တွင် အမှတ်ပေးဇယား အဆင့် (၅) နေရာနှင့် ယူရိုပါလိဂ် ဝင်ခွင့်ရအောင်လည်း ကူညီပေးခဲ့ပါတယ်။

ဆောက်သမ်တန်ရဲ့ ယခင်ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးမှာ ၂၀၁၃ ခုနှစ်က ရိုးမားအသင်းမှ တိုက်စစ်မှူး အော့စ်ဗယ်လ်ဒိုကို ပေါင် (၁၅) သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

"ဘောလုံးသမားတစ်ယောက်အနေနဲ့ ကျနော် ဆက်လက်တိုးတက်ဖို့ ဒီကလပ်ဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ "လို့ ဘူဖယ်လ်က ပြောပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဘူဖယ်လ်ကို (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ လက်စ်ရိဒ်က "ဘူဖယ်လ်ဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုရမယ်လို့ ကျနော်တို့ အခိုင်အမာ ယုံကြည့်မှုရှိပါတယ်"လို့ ဆိုပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly