သည်းထိတ်ရင်ဖို ရုပ်ရှင်ကား “ Don’t Breathe” မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှရပ်တည်

သည်းထိတ်ရင်ဖို ရုပ်ရှင်ကား “ Don’t Breathe” မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှရပ်တည်

နယူးယော့ခ်၊ သြဂုတ် ၂၉ ။        ။ သည်းထိတ်ရင်ဖို ရုပ်ရှင်ကား “Don’t Breathe” ရုပ်ရှင်ကားသည်  သြဂုတ် ၂၆ရက်နှင့် ၂၈ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၆ဒသမ ၁သန်း ဝင်ငွေရရှိကာ   မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

“ Don’t Breathe” ရုပ်ရှင်ကားသည် အိမ်တစ်အိမ်ကို ဝင်ရောက်ခိုးသော ဆယ်ကျော်သက်လူငယ်သုံးဦးသည် ၎င်းတို့ဝင်ရောက်ခိုးသော အိမ်၏ပိုင်ရှင် မျက်မမြင်အမျိုးသားသည် ခိုးကိုးရာမဲ့မဟုတ်မှန်း သိရှိလိုက်ရသည့်ပုံကို ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ကားဖြစ်သည်။

“ Don’t Breathe”ရုပ်ရှင်ကားအတွက် အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၀သန်းအောက်သာ ကုန်ကျခဲ့ကြောင်း နှင့် ယခုအခါ အကျိုးအမြတ်များရရှိနေပြီဖြစ်သည်။“ Don’t Breathe” ရုပ်ရှင်ကားသည် ဇယားထိပ်တွင် သီတင်းပတ်သုံးပတ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သည့် “ Suicide Squad” ရုပ်ရှင်ကားကို ကျော်လွန်ကာ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

 “ Suicide Squad” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၂ဒသမ၁သန်းဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး  “ Kubo and the Two Strings” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇ဒသမ၉သန်းဖြင့်  တတိယနေရာတွင် ရပ်တည်နေသည်။

“ Sausage Party” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇ဒသမ၇သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး “ Mechanic : Resurrection” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇ဒသမ၅သန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly