လူမှုရေးမူဝါဒပေါ်တွင် ရင်းနှီးမြုပ်နှံခြင်းက မြန်မာနိုင်ငံအတွက် စီးပွားဖွံ့ဖြိုးမှုခိုင်မာမှုကို ဦးတည်စေနိုင်ဟု အိန္ဒိယစီးပွားရေးပညာရှင်များ ထောက်ပြ

လူမှုရေးမူဝါဒပေါ်တွင် ရင်းနှီးမြုပ်နှံခြင်းက မြန်မာနိုင်ငံအတွက် စီးပွားဖွံ့ဖြိုးမှုခိုင်မာမှုကို ဦးတည်စေနိုင်ဟု အိန္ဒိယစီးပွားရေးပညာရှင်များ ထောက်ပြ

အိန္ဒိယနိုင်ငံ JNU မှ လာရောက်အလည်အပတ်ရောက်ရှိသော ပါမောက္ခ Jayati Ghosh က အများဆန္ဒနှင့် ကိုက်ညီသော လူမှုရေးမူဝါဒအတွက် လိုအပ်ချက်ကို မီးမောင်းထိုးပြလျက် “လူမှုရေးအာမခံမူဝါဒများနှင့် ကမ္ဘာလုံးဆိုင်ရာလူမှုရေးအကာအကွယ်များ မြှင့်တင်နိုင်ရန်အတွက် ရင်းနှီးမြုပ်နှံခြင်းက စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရေရှည်အကျိုးအမြတ်ဖြစ်ထွန်းရန် မျိုးစေ့ရခြင်းပင်။

 တောင်ကိုရီးယားကဲ့သို့သော အာရှကျားနိုင်ငံအပါအဝင် မကြာသေးမီကာလများမှ ဖွံ့ဖြိုးလာခဲ့သည့် နိုင်ငံအများစုက စီးပွားရေးဖွံ့ဖြိုးမှုအတွက် ထိန်းကျောင်းမောင်းနှင်နေစဉ် လူမှုရေးနယ်ပယ်တွင် အတိအကျရင်းနှီးမြုပ်နှံကြကြောင်း” ထောက်ပြပြောဆိုသည်။

“စီးပွားရေးကြီးထွားရေး၊ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် မြန်မာနိုင်ငံဖြေရှင်းရမည့် စိန်ခေါ်မှုများ။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သင်ခန်းစာ” ဆိုသည့် သြဂုတ် ၂၇ ရက်က ဆွေးနွေးပွဲတွင် ပါမောက္ခ Jayati Ghosh က ဖွံ့ဖြိုးရေးပေါ်လစီအဖြစ် လူမှုရေးမူဝါဒအမြင်လိုအပ်ကြောင်း ထောက်ပြသည်။ ထိုအမြင်သဘောထားကိုစီးပွားရေးဖွံ့ဖြိုးအောင် ရယူလုပ်ဆောင်ပြီးမှ ဖော်ဆောင်ပါက လူမှုရေးကဏ္ဍအသုံးစရိတ်များအတွက် သဘာဝရင်းမြစ်များမှ ထုတ်ယူသုံးစွဲရမည့် နိုင်ငံများအနေဖြင့် မမှန်ကန်ရုံသာမက ဖွံ့ဖြိုးမှုခိုင်မြဲရေးကို ထိခိုက်စေလာမည်ဖြစ်သည်။

ထိုဆွေးနွေးပွဲ၌ အိန္ဒိယနိုင်ငံမှ အကြီးစားစီးပွားရေးပညာရှင်ဖြစ်သော ပါမောက္ခ C P Chandrasekhar က ပြည်တွင်းဈေးကွက် အခြေတည်သော ဖွံ့ဖြိုးမှုမဟာဗျူဟာ လိုအပ်ကြောင်း ထောက်ပြသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မျှတမှုရှိသော ပမာဏကို ဖော်ဆောင်နိုင်မည့် မဟာဗျူဟာမျိုးဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို စီးဝင်မှုလမ်းကြောင်းကောင်းစေခြင်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု၏ ကုန်ကျစရိတ်အတွက် ဝန်ဆောင်ပေးစရာမလိုပေ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တည်မြဲရေးအတွက်သာ မြှင့်တင်ပေးသင့်သည်။ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ပြည်တွင်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်တိုးတက်မှုတို့ကိုဖော်ဆောင်ပေးသင့်သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ ဖွင့်လှစ်ရရှိစေခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်ခိုင်မာအားကောင်းစေခြင်းအတွက်သာ ရှုမြင်သင့်သည်။

Myanmar Economics Association၊ Mizzima ၊ Renaissance Institute နှင့် ActionAid တို့ ပူးတွဲကျင်းပသည့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၇ ရက်၌ Royal Rose Resturant တွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲတွင် ပညာရှင်နှစ်ဦးစလုံးက ဟောပြောခဲ့သည်။ ထိုပွဲသို့ ပညာရှင်နှင့် ကုမ္ပဏီအစုရှယ်ယာရှင်များ ၁၀၀ ကျော်ထက်မနည်း တက်ရောက်ခဲ့သည့် ယင်းဆွေးနွေးပွဲက မြန်မာနိုင်ငံစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုပြဿနာများအပေါ် ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပညာရှင်များက မြန်မာကဲ့သို့သော စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံအတွက် အမှန်လမ်းကြောင်းက စိုက်ပျိုးရေးထွက်ကုန်များကိုတိုးမြှင့်ခြင်းပင်ဖြစ်ကြောင်း ထောက်ပြသည်။ စိုက်ပျိုးရေးနှင့် သတ္ထုနှင့် သစ်ကဲ့သို့သော သဘာဝသယံဇာတရင်းမြစ်များကဏ္ဍတွင် အဖိုးနည်းမူလကုန်စည်ကုန်ကြမ်းထုတ်လုပ်ခြင်းမှ တန်ဖိုးပိုရသည့် ကုန်ချောထုတ်ကုန်များဖြစ်အောင် မြှင့်တင်ဖော်ဆောင်သွားရန် လိုအပ်သည်။ အလုံးစုံဖွံ့ဖြိုးရေးအတွက် လက်တွေ့ရင်းနှီးမြုပ်နှံမှုများနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးမှုရှိလာလည်း လိုအပ်သည်။ အခြေခံအဆောက်အအုံများတွင် အစိုးရရင်းနှီးမြုပ်နှံမှုသည် ပုဂ္ဂိလိကရင်းနှီးမြုပ်နှံမှုများ ပါဝင်လာရန် လိုအပ်သည်။ ပညာရေး၊ လူငယ်ကျွမ်းကျင်ပညာရှင်များမွေးထုတ်ခြင်းကဲ့သို့ လူမှုရေးအခြေခံအဆောက်အအုံများက အိမ်နီးချင်းအခြားနိုင်ငံများနှင့် ယှဉ်ပြိုင်မှုတွင် အင်အားမြှင့်တင်နိုင်စွမ်းသော ရင်းနှီးမြုပ်နှံမှုဖြစ်သည်။

သဘာဝသယံဇာတရင်းမြစ် ပြဿာနာအပေါ်တွင် ပညာရှင်နှစ်ဦးစလုံးက အခွန်စနစ်ပြုပြင်ပြောင်းလဲရေး အထူးသဖြင့် တိုက်ရိုက်အခွန်နှင့် တည်ဆဲအခွန်စနစ်များ အားကောင်းရေးလိုအပ်ကြောင်းထောက်ပြသည်။ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် အကျိုးရှိရှိ ဖော်ဆောင်ခြင်းက ဘဏ္ဍာငွေကို မြှင့်တင်ပေးမည့် အရေးသောကဏ္ဍဖြစ်သည်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်စွမ်းအားကဲ့သို့ ရင်းမြစ်များတွင် အငှားချထားခြင်း အခြေအနေနှင့် သက်တမ်းတို့ကိုလည်း ပြန်လည်စေ့စပ်ညှိနှိုင်းသင့်သည်။ ယင်းသဘာဝရင်းမြစ်များက အစိုးရ၏ ဘဏ္ဍာငွေကို တိုးပွားစေမည့် ရင်းမြစ်များဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝရင်းမြစ်များကိုပိုမိုအကျိုးရှိရှိ သုံးစွဲခြင်းနှင့် လူမှုရေးကဏ္ဍများအတွက် ရန်ပုံငွေဖြစ်ဖို့ ဆင်ခြင်နှိုင်းဆသွားသင့်သည်။

Myanmar Economics Association မှ ဥက္ကဌဖြစ်သူ ပါမောက္ခကျော်မင်းထွန်းက အလည်အပတ်ရောက်ရှိသော အိန္ဒိယပညာရှင်များကို ချီးကျုးဂုဏ်ပြုကာ အခြားဖွံ့ဖြိုးဆဲနိုင်ငံများက အတွေ့အကြုံက မြန်မာနိုင်ငံအတွက် တန်ဖိုးရှိသည့် သင်ခန်းစာများဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် အားလုံးသော အကြံပြုချက်များနှင့် အမြင်သဘောထားများကို နားစွင့်ထားမည်ဖြစ်ကြောင်း ပြောသည်။ အားလုံးသော နိုင်ငံသူ နိုင်ငံသားများ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများသို့ ချဉ်းကပ်ခြင်းနှင့်အတူ စီးပွားရေးမူဝါဒများ ဆုံးဖြတ်ချမှတ်ရခြင်းသည် အမှန်တကယ် အရေးကြီးသည့် လုပ်ငန်းစဉ်ရပ်လည်းဖြစ်သည်။

Mizzima Weekly