ချန်ပီယံလိဂ်အုပ်စုအဖွင့် ပွဲစဉ်များကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် စတင်ကစားမည်

ချန်ပီယံလိဂ်အုပ်စုအဖွင့် ပွဲစဉ်များကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် စတင်ကစားမည်

သြဂုတ် ၂၆၊ မိုနာကို ။          ။ ၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မဲခွဲပွဲအခမ်းအနားကို ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က မိုနာကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အုပ်စုပွဲစဉ်များ စတင် ကစားမည့်ရက်ကို ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာခဲ့သည်။

အုပ်စုအဖွင့်ပွဲစဉ်များကို စက်တင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့များတွင် စတင်ကစားမည်ဖြစ်ပြီး အုပ်စုအဆင့်မဲခွဲခဲ့ရာတွင် အောက်ပါအတိုင်း အုပ်စုရှစ်ခု ထွက်ပေါ်လာခဲ့သည်။

အုပ်စု(A)

ပီအက်စ်ဂျီ(ပြင်သစ်)၊ အာဆင်နယ်(အင်္ဂလန်)၊ ဘေဆယ်(ဆွစ်ဇာလန်) လူဒိုဂိုရက်စ်(ဘူလ်ဂေးရီးယား)

အုပ်စု(B)

ဘီဆစ်တပ်(တူရကီ)၊ ဒိုင်နမိုကိဗ်(ယူကရိန်း)၊ ဘင်ဖီကာ(ပေါ်တူဂီ)၊ နာပိုလီ(အီတလီ)

အုပ်စု(C)

ဘာစီလိုနာ(စပိန်)၊ မန်စီးတီး(အင်္ဂလန်)၊ မိုချင်ဂလတ်ဘတ်(ဂျာမနီ)၊ ဆဲလ်တစ်(စကော့တလန်)

အုပ်စု(D)

ဘိုင်ယန်မြူးနစ်(ဂျာမနီ)၊ အက်သလက်တီကို(စပိန်)၊ ပီအက်စ်ဗွီ(ဟော်လန်)၊ ရော့စ်တော့ဗ်(ရုရှ)

အုပ်စု(E)

မိုနာကို(ပြင်သစ်)၊ လီဗာကူဆင်(ဂျာမနီ)၊ စီအက်စ်ကေအေ(ရုရှ)၊ စပါး(အင်္ဂလန်)

အုပ်စု(F)

ဒေါ့တ်မွန်(ဂျာမနီ)၊ ရီးယဲလ်(စပိန်)၊ လီဂါဝါဆော(ပိုလန်)၊ စပို့တင်းလစ္စဘွန်း(ပေါ်တူဂီ)

အုပ်စု(G)

လက်စတာ(အင်္ဂလန်)၊ ပေါ်တို(ပေါ်တူဂီ)၊ ဘရုဂျက်(ဘယ်လ်ဂျီယံ)၊ ကိုပင်ဟေဂင်(ဒိန်းမတ်)

အုပ်စု(H)

ဂျူဗင်တပ်စ်(အီတလီ)၊ ဆီဗီလာ(စပိန်)၊ လိုင်ယွန်(ပြင်သစ်)၊ ဒိုင်နမိုဇာဂရက်(ခရိုအေးရှား)

အုပ်စုအဖွင့် ပွဲစဉ်များတွင် အသင်းကြီးများ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ပီအက်စ်ဂျီနှင့် အာဆင်နယ်၊ ဂျူဗင်တပ်စ်နှင့် ဆီဗီလာ၊ ရီးယဲလ်နှင့် စပို့တင်းလစ္စွဘွန်း၊ စပါးနှင့် မိုနာကိုတို့ တွေ့ဆုံနေကြသည်။ အခြားအသင်းကြီးများ၏ ပွဲစဉ်များမှာ ဘာစီလိုနာနှင့်ဆဲလ်တစ်၊ မန်စီးတီးနှင့်မိုချင်ဂလတ်ဘတ်၊ ဘိုင်ယန်နှင့်ရော့စတော့၊ ပီအက်စ်ဗွီနှင့်အက်သလက်၊ လီဂါဝါဆော နှင့်ဒေါ့တ်မွန်တို့   တွေ့ဆုံကစားကြမည် ဖြစ်သည်။

အုပ်စု ဒုတိယပွဲစဉ်များကို စက်တင်ဘာလ ၂၇၊ ၂၈ ရက်များတွင်လည်းကောင်း အုပ်စုတတိယပွဲစဉ်များကို အောက်တိုဘာလ ၁၈၊ ၁၉ ရက်နေ့များတွင်လည်းကောင်း ကစားကြမည်ဖြစ်သည်။ ယခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ဝေးလ်နိုင်ငံ၊ ကာဒစ်ဖ်မြို့ရှိ အမျိုးသားအားကစားကွင်းကြီးတွင် ၂၀၁၇ ခုနှစ် ဇွန်လ ၃ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly