အေစီမီလန်နောက်ခံလူ ရိုမက်နိုလီကို ပေါင် ၃၅ သန်းဖြင့်ချယ်လ်ဆီးကမ်းလှမ်း

အေစီမီလန်နောက်ခံလူ ရိုမက်နိုလီကို ပေါင် ၃၅ သန်းဖြင့်ချယ်လ်ဆီးကမ်းလှမ်း

သြဂုတ် ၂၅၊ လန်ဒန်။             ။ ချယ်လ်ဆီးအသင်းသည် အေစီမီလန်နောက်ခံလူ အဲလက်ဆီယို ရိုမက်နိုလီကို ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းထားသည်။

အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့် လာမည့်တစ်ပတ် ဗုဒ္ဓဟူး မတိုင်မီ ကစားသမားသစ်အနည်းဆုံးသုံးဦးထပ်ခေါ်ချင်သည့် နည်းပြကွန်တီသည် ဗုဒ္ဓဟူးနေ့က အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ရိုမက်နိုလီမှာရောင်းချရန်မဟုတ်ဟု အေစီမီလန်အသင်းက သဘောထားထုတ်ပြန်ထားသည့်တိုင် ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူ ချင်နေသည့် ချယ်လ်ဆီးအသင်းက ပေါင် ၃၅ သန်းအပြင် ထပ်ဆောင်းငွေပါပေးပြီး ကမ်းလှမ်းချင်နေသည်။

အသက် ၂၁ နှစ်အရွယ်ကစားသမားသည် ပြီးခဲ့သည့်နွေရာသီကမှ ရိုးမားမှ အေစီမီလန်အသင်းသို့ ပေါင် ၂၁ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်သည်။

ချယ်လ်ဆီးအသင်းလိုချင်သည့်ကစားသမားစာရင်းတွင် တိုရီနိုမှ မက်ဆီမိုဗစ်အပြင် နာပိုလီနှင့်စာချုပ်သက်တမ်းတိုးရန် ဆွေးနွေး နေသည့် ကူလီဘာလီလည်း ပါဝင်နေသည်။

ကူလီဘာလီအတွက် ချယ်လ်ဆီးအသင်း၏ပေါင်သန်း ၄၀ ဖြင့်ကမ်းလှမ်းမှုကို နာပိုလီအသင်းကပယ်ချထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags