အသင်းမှ ထွက်ခွာရတော့ဖွယ်ရှိသည့် မန်စီးတီးဂိုးသမားဂျိုးဟတ်ကို ပရိသတ်များ အားပေးနှစ်သိမ့်

အသင်းမှ ထွက်ခွာရတော့ဖွယ်ရှိသည့် မန်စီးတီးဂိုးသမားဂျိုးဟတ်ကို ပရိသတ်များ အားပေးနှစ်သိမ့်

သြဂုတ် ၂၅၊ မန်ချက်စတာ။         ။ မန်စီးတီးဂိုးသမားဂျိုးဟတ်သည် အသင်းနှင့်နောက်ဆုံးကစားရခြင်းဖြစ်ဖွယ်ရှိသည့် စတူအာဘူခါရက်စ်နှင့်ချန်ပီယံလိဂ်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရပြီး အသင်းပရိသတ်များကလည်း ကာလရှည် ကစားလာခဲ့သော ဂျိုးဟတ်ကို သီချင်းများသီဆိုကာ အားပေးခဲ့ကြသည်။

ဂျိုးဟတ်ဘောလုံးနှင့်ထိတိုင်း ပရိသတ်များက အော်ဟစ်အားပေးခဲ့ကြကာ “ဂျိုးဟတ်…အလိုရှိတိုင်း ကျော်ဖြတ်နိုင်သူ”ဟု သံပြိုင် ကြွေးကြော်ခဲ့ကြသည်။  ပွဲချိန် ၆၆ မိနစ်မှစတင်ပြီးလည်း “ဂျိုးဟတ်ကိုချစ်ရင် မတ်တပ်ရပ်အားပေးကြပါ”ဟု သံပြိုင်သီဆိုခဲ့ကြရာ ဂိုးသမားဖြစ်သူမှာ မျက်ရည်များကိုထိန်းပြီး ပွဲအပေါ်အာရုံစိုက်နေရပုံပေါ်လွင်ခဲ့သည်။

“ကျွန်တော့်အတွက်တော့ ထူးရှယ်ညတစ်ည ဖြစ်ခဲ့ရပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး ညကောင်းတွေဖြတ်ကျော်ခဲ့ဖူးပေမယ့် ဒီညကတော့ တကယ့်ကိုကောင်းမွန်တဲ့ ညတစ်ညပါပဲ။

ဒီအသင်းဟာကျွန်တော့်အတွက်နေရာကောင်းတစ်ခုဖြစ်ပြီး ကျွန်တော်ချစ်ရတဲ့နေရာဆိုတာကိုလည်း ထုတ်ပြောဖို့ ဖုံးကွယ်ထား စရာအကြောင်းမရှိပါဘူး။ ဘောလုံးမှာဖြစ်ပျက်ပြောင်းလဲမှုတွေရှိပြီး လက်ခံရမှာဖြစ်ပေမယ့် ဒီညကတော့ သိပ်ကောင်းတဲ့ည တစ်ညဖြစ်ခဲ့ပါတယ်”ဟု ဂျိုးဟတ်က ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly