ဥရောပ အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်သည်ဟု ဂရစ်ဇ်မန်းယုံကြည်နေ

ဥရောပ အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်သည်ဟု ဂရစ်ဇ်မန်းယုံကြည်နေ

သြဂုတ် ၂၄၊ မက်ဒရစ်။                ။ အက်သလက်တီကိုနှင့်  ပြင်သစ်ကြယ်ပွင့်ဂရစ်ဇ်မန်းက ၎င်းသည် စီရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်ကိုကျော်ပြီး ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုရရှိရန် ထိုက်တန်သည်ဟု ယုံကြည်နေသည်။

ဂရစ်ဇ်မန်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီတွင်အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ် ၁၃ ပွဲကစား ခုနစ်ဂိုးသွင်းကာ အက်သလက်တီကိုအသင်း ဗိုလ်လုပွဲရောက်အောင် ကူညီပေးနိုင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ကစားသမားသည် အမိမြေဖြစ်သောပြင်သစ်နိုင်ငံတွင်ကျင်းပသော ယူရို ၂၀၁၆ ပြိုင်ပွဲ၌လည်း ခြောက်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရရှိခဲ့သည်။ “နောက်ဆုံးသုံးယောက်စာရင်းမှာပါနေလို့ ဂုဏ်ယူပါတယ်။ ဒါဟာ ကျွန်တော်လမ်းကြောင်းမှန် ပေါ်ရောက်နေတယ်လို့ ပြနေတာ ဖြစ်ပြီး ဒီအတိုင်းဆက်သွားရပါမယ်။

ကိုယ်ရည်သွေးပြီးမပြောချင်ပေမယ့်လည်း ကလပ်မှာရော နိုင်ငံအသင်းနဲ့ပါ ကောင်းမွန်တဲ့ရာသီကိုဖြတ်သန်းခဲ့လို့ ဒီဆုနဲ့ထိုက် တန်ပါတယ်။  အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ   ရောက်ခဲ့တာရယ်  ပြင်သစ်နဲ့ယူရိုအတွေ့အကြုံရယ်ကြောင့် မမေ့နိုင်စရာ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ ဖလားမရခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက်ရော၊ ပရိသတ်တွေအတွက်ရော ထိခိုက်ခဲ့ရပါတယ်”ဟု ဂရစ်ဇ်မန်းက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly