ကမ္ဘောဒီးယားတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်

ကမ္ဘောဒီးယားတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်

ဖနွမ်းပင်၊သြဂုတ် ၂၁ ။             ။ ကမ္ဘောဒီးယားတွင် စီးပွားရေးလုပ်ငန်းများ အားရကျေနပ်ဖွယ်မရှိသော်လည်း လွန်ခဲ့သောနှစ်များအ တွင်း ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် တရုတ်က ကုမ္ပဏီ ၁၀၅၅ ခုဖြင့် အများဆုံး၊ တောင်ကိုရီးယားက ၂၇၈ ခုဖြင့် ဒုတိယအများဆုံးနှင့် ဂျပန်က ၂၅၀ ခုနှစ် တတိယအများဆုံးရှိခဲ့သည်။

ဂျပန်၏ ကမ္ဘောဒီးယားနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများတွင် ပို့ကုန်၊သွင်းကုန် လုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်း၊ စက်ရုံများ၊ အတိုင်ပင်ခံလုပ်ငန်း၊ အိမ်ရာလုပ်ငန်းဝန်ဆောင်မှုများနှင့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည်။

ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (Jetro) ၏ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယားကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ဂျပန်ကုမ္ပဏီအရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် ၂၅၀၊ ၂၀၁၃ ခုနှစ်က ၁၇၉ ခု နှင့် ၂၀၁၀ ပြည့်နှစ်က ၁၉ ခုရှိခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအထိ ကမ္ဘောဒီးယားရှိ ဂျပန်သံရုံးတွင် မှတ်ပုံတင်ထားသည့် ဂျပန်နိုင်ငံသား ၂၅၀၀ ဦးရှိနေပြီး ဂျပန်စားသောက်ဆိုင်အရေအတွက်မှာလည်း ၁၅၀ အထိ တိုးလာခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းကလည်း ကမ္ဘောဒီးယားတွင် ဂျပန်ကျောင်းတစ်ကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။

ကမ္ဘောဒီးယားတွင် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၁၄ ခုနှစ်က ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ဘီလျံရှိခဲ့သည်။

အဆိုပါနှစ်များအတွင်း ဂျပန်၏ ရင်းနှီးမြှုပ်မှုသည် ကန်ဒေါ်လာ ၄၇ ဒသမ ၉ သန်းနှင့် ၅၆ ဒသမ ၇ သန်းပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags