ဘေးလ် နှစ်ဂိုးသွင်းပြီး ရီးယဲလ်တို့ ရာသီသစ်ကို နိုင်ပွဲနဲ့ စတင်

ဘေးလ် နှစ်ဂိုးသွင်းပြီး ရီးယဲလ်တို့ ရာသီသစ်ကို နိုင်ပွဲနဲ့ စတင်
(ဓာတ်ပုံ - အီးပီအေ)

ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က ဆိုစီဒက်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး ရီးယဲလ်မက်ဒရစ်တို့ လာလီဂါရာသီအဖွင့်ကို နိုင်ပွဲနဲ့ စတင်တင်ခဲ့ပါတယ်။

ရီးယဲလ်အတွက် ဂိုးတွေကို ဘေးလ်က ပထမပိုင်းအစ (၂) မိနစ်နဲ့ နောက်ဆုံးမိနစ် (၉၄) တို့မှာ နှစ်ဂိုးသွင်းယူပြီး ကွင်းလယ်ကစားသမား အက်ဆန်စီယိုက (၄၀) မိနစ်မှာ သွင်းယူခဲ့တာကြောင့် ရီးယဲလ်တို့ အဝေးကွင်းမှာ သုံးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ တနင်္လနာနေ့က ကွယ်လွန်သွားတဲ့ ဆိုစီဒက် တိုက်စစ်မှူးဟောင်း Dalian Atkinson ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ်တွေက လက်ခုတ်တီးခဲ့တာကို တွေ့ရပါတယ်။ အဆိုပါ ဆိုစီဒက် တိုက်စစ်မှူးဟောင်းဟာ ၁၉၉၀-၉၁ ဘောလုံးရာသီက နံပါတ် (၉) အင်္ကျီဝတ်ဆင် ကစားခဲ့တယ်လို့ သိရပါတယ်။

လာလီဂါပွဲစဉ်တစ်ခုဖြစ်တဲ့ စပို့တင်းဂီဂျွန်ကအိမ်ကွင်းမှာ ဘီလ်ဘာအိုကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီး အက်သလက်တီကိုမက်ဒရစ်ကတော့ အလာဗတ်စ်ကို အိမ်ကွင်းမှာ (၁-၁) ဂိုးနဲ့ သရေကျခဲ့ြ

လာလီဂါပွဲစဉ် (၁) ရလဒ်များ

ဘာစီလိုနာ ၆-၂ ဘက်တစ်
ဂရန်နာဒါ ၁-၁ ဗီလာရီးယဲလ်
ဆီဗီလာ ၆-၄ အက်စ်ပန်ညို
မာလာဂါ ၁-၁ အိုဆာဆူနာ
ဒီပို့တီဗို ၂-၁ အီဘာ
စပို့တင်းဂီဂျွန် ၂-၁ ဘီလ်ဘာအို
ဆိုစီဒက် ဝ-၃ ရီးယဲလ်
အက်သလက်တီကို ၁-၁ အလာဗတ်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags