ကုလသမဂ္ဂက ထွက်မည်ဟု ဖိလစ်ပိုင်သမ္မတ ခြိမ်းခြောက်သံပစ်

ကုလသမဂ္ဂက ထွက်မည်ဟု ဖိလစ်ပိုင်သမ္မတ ခြိမ်းခြောက်သံပစ်

မနီလာ၊ သြဂုတ် ၂၁ ။            ။ နိုင်ငံတကာ ဥပဒေဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းမှုများကို ဝေဖန်ပြောဆိုခံရခြင်းကြောင့် ဖိလစ်ပိုင်သမ္မတဒူတာတေးက ကုလသမဂ္ဂမှ နိုင်ငံ နုတ်ထွက်ရလိမ့်မည်ဟု ခြိမ်းခြောက်သံပစ်ပြောဆိုသည်။

ဖိလစ်ပိုင်သမ္မတဒူတာတေး တရုတ်နှင့် အာဖရိကနိုင်ငံများကို အခြားသော အဖွဲ့ကြီးတစ်ဖွဲ့ ဖွဲ့ဖို့ရန်အတွက် စည်းရုံးရလိမ့်တော့မည်ဖြစ်ကြောင်းလည်း ပြောသည်။ ယခုနိုင်ငံတကာအဖွဲ့ကြီး ကုလသမဂ္ဂအနေဖြင့် အကြမ်းဖက်မှု၊ ငတ်မှုခေါင်းပါးမှုနှင့် ပဋိပက္ခများအဆုံးသတ်ရေးတို့တွင် တာဝန်ပျက်ကွက်ကြောင်းလည်း စွပ်စွဲပြောဆိုသည်။
ပြီးခဲ့သည့်မေလအတွင်းက ရွေးကောက်ခံရသည့် သမ္မတဒူတာတေးသည် မူးယစ်ဆေးဝါးကုန်သွယ်မှုများ ဖြိုခွင်းရန် သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ကုလသမဂ္ဂက ထိုသို့ သေဒဏ်ချမှတ်ခြင်းများက လူ့အခွင့်အရေးချိုးဖောက်ခြင်းအဖြစ် ကြိမ်ဖန်များစွာ ပြောဆိုနေခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း မေ ၉ ရက်က သမ္မတဒူတာတေး ရွေးကောက်ခံပြီးနောက်ပိုင်း မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် ပတ်သက်ပြီး လူပေါင်း ၉၀၀ ခန့်ကို သေဒဏ်ချမှတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly