ဂျူဗင်တပ်နောက်ခံလူချီလီနီကို ပေါင် ၂၅ သန်းဖြင့်ကမ်းလှမ်းရန် ချယ်လ်ဆီးပြင်ဆင်

ဂျူဗင်တပ်နောက်ခံလူချီလီနီကို ပေါင် ၂၅ သန်းဖြင့်ကမ်းလှမ်းရန် ချယ်လ်ဆီးပြင်ဆင်

သြဂုတ် ၂၁၊ လန်ဒန်။            ။ ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်အသင်းမှ အီတလီနောက်ခံလူ ချီလီနီကိုပေါင် ၂၅ သန်းဖြင့်ကမ်းလှမ်းရန်ပြင်ဆင်နေသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဂျူဗင်တပ်ကစားသမားမှာ ချယ်လ်ဆီးနည်းပြကွန်တီ ထိပ်ဆုံးမှလိုချင်သည့် ကစားသမားဖြစ်သည်။

ကွန်တီသည် ယင်းကစားသမားကို ဂျူဗင်တပ်အသင်းတွင်သာမက အီတလီလက်ရွေးစင်အသင်းတွင်ပါ နည်းပြခဲ့ဖူးသည်။ ချယ်လ်ဆီးတာဝန်ရှိသူများမှာ နာပိုလီဗဟိုနောက်ခံလူ ကူလီဘာလီကိုလည်း ဆက်သွယ်ဆွေးနွေးရန်ရှိနေသည်။

အီတလီလူမျိုးနည်းပြကွန်တီအနေဖြင့် တယ်ရီနှင့်ကာဟေးတို့၏ဝန်ထုပ်ဝန်ပိုးကိုလျော့ကျစေရန်အတွက် နောက်တန်းအင်အား ဖြည့်တင်းချင်နေခြင်းဖြစ်သည်။

အဓိကကစားသမားတစ်ဦးဖြစ်သော ပေါ့ဂ်ဘာကိုအသင်းပြောင်းခွင့်ပြုခဲ့ရသည့် ဂျူဗင်တပ်အသင်းအတွက် ချီလီနီမှာလည်း အားထားရသောကစားသမားဖြစ်သည့်တိုင် ကွန်တီက ခေါ်ယူချင်နေခြင်းဖြစ်သည်။

စနေနေ့က ဝက်ဖို့ဒ်ကိုရှုံးနိမ့်နေရာမှ အနိုင်ရအောင်ကစားနိုင်ခဲ့သော ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲ နှစ်ပွဲဆက်အနိုင်ရထားသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags