ဖိလစ်ပိုင်က တင်ဒါစနစ်ဖြင့် ပြည်ပဆန်ဝယ်ယူမည်

ဖိလစ်ပိုင်က တင်ဒါစနစ်ဖြင့် ပြည်ပဆန်ဝယ်ယူမည်

ဘန်ကောက်၊ သြဂုတ် ၂၀ ။            ။ ဖိလစ်ပိုင်နိုင်ငံက သြဂုတ် ၃၁ ရက်တွင် တင်ဒါစနစ်ဖြင့် ဆန် တန်ချိန် ၂၅၀၀၀၀ ကိုဝယ်ယူသွားရန် စီစဉ်ထားရာ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံက တင်ဒါအပြိုင် လျှောက်ထားမည်ဖြစ်ကြောင်း ထိုင်းပြည်ပကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒူအန်ပွန်ရော့ဖာရာက ပြောကြားသည်။

ကမ္ဘာ့ဆန်ဝယ်မှုအများဆုံးနိုင်ငံများတွင် ပါဝင်သည့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းနေချိန်တွင် လာမည့်နှစ်အထိ ပြည်တွင်းဆန်ဖူလုံမှုရရှိစေရန် ဆန်တန်ချိန်တစ်သိန်းအထိ ဝယ်ယူရန် စီစဉ်လျှက်ရှိသည်။

အဆိုပါ ဆန်များအနက် တန်ချိန် ၇၅၀၀၀၀ ကို အစိုးရအချင်းချင်း ချိတ်ဆက်ဝယ်ယူပြီး တန်ချိန် ၂၅၀၀၀၀ ကို ပြည်တွင်း ကုမ္ပဏီများက စိတ်ကြိုက်တင်သွင်းမည်ဖြစ်သည်။

အစိုးရချင်း ချိတ်ဆက်ဝယ်ယူရာတွင် ဖိလစ်ပိုင်အနေဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝယ်ယူလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly