ချယ်လ်ဆီးတောင်ပံ ကစားသမားကွာဒရာဒိုကို ဂျူဗင်တပ်အသင်း အငှားဖြင့်ထပ်ခေါ်လို

ချယ်လ်ဆီးတောင်ပံ ကစားသမားကွာဒရာဒိုကို ဂျူဗင်တပ်အသင်း အငှားဖြင့်ထပ်ခေါ်လို

သြဂုတ် ၁၉၊ တူရင်။              ။ ချယ်လ်ဆီးအသင်းတွင် အနာဂါတ်မသေချာဖြစ်နေသေးသော ကိုလံဘီယာ တောင်ပံတိုက်စစ်ကစားသမား ကွာဒရာဒိုကို ဂျူဗင်တပ်အသင်းက စီးရီးအေသို့အငှားဖြင့်ထပ်မံခေါ်ယူချင်နေသည်။

ကွာဒရာဒိုသည် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်အသင်းတွင် အငှားဖြင့်ကစားပြီး အသင်းကို စကူဒတ်တို (စီးရီးအေ) ဖလားရအောင် ကူညီပေးနိုင်ခဲ့သည်။ သို့သော် နွေရာသီတွင် ပရီးမီးယားလိဂ်သို့ ကွန်တီရောက်လာပြီးနောက် ကွာဒရာဒိုလည်း ချယ်လ်ဆီးသို့ ပြန်ရောက်လာခဲ့သည်။

၂၀၁၉ တွင်ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းကုန်မည့် အသက် ၂၈ နှစ်အရွယ်ကစားသမားကို ဂျူဗင်တပ်အသင်းက အငှားစာချုပ်ဖြင့် ထပ်မံခေါ်ယူလိုနေသည်။

ကွာဒရာဒိုသည် ချယ်လ်ဆီးအသင်း၏ ရာသီအဖွင့်ပွဲအဖြစ် ဝက်စ်ဟမ်းကို ၂-၁ ဖြင့်နိုင်သည့် ပွဲတွင်ပါဝင်ခဲ့ခြင်းမရှိရာ ဂျူဗင်တပ် ဒါရိုက်တာမာရော့တာက ကမ်းလှမ်းရန်အဆင်သင့်ဖြစ်နေသည်။

“အခွင့်ရေးနည်းနည်းတော့ပြန်ရလာပြီ။ အခြေအနေကိုကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ ကစားသမားကိုပိုင်ဆိုင်ထားဆဲဖြစ် တဲ့ ချယ်လ်ဆီးအသင်းကိုလည်း ကျွန်တော်တို့လေးစားပါတယ်။

ကွာဒရာဒိုက ကျွန်တော်တို့သိပ်ကြိုက်တဲ့ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဂျူဗင်တပ်မှာ ကောင်းမွန်တဲ့အတွေ့အကြုံ တွေရထားသူဖြစ်ပါတယ်”ဟု မာရော့တာက စကိုင်းစပို့စ် အီတာလီယာသို့ ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags