သြဂုတ်လစတုတ္ထပတ်နှင့် စက်တင်ဘာပထမအပတ်အတွင်း မြန်မာအသင်းခြေစမ်းပွဲ နှစ်ပွဲကစားမည်

သြဂုတ်လစတုတ္ထပတ်နှင့် စက်တင်ဘာပထမအပတ်အတွင်း မြန်မာအသင်းခြေစမ်းပွဲ နှစ်ပွဲကစားမည်

သြဂုတ် ၁၈၊ ရန်ကုန် ။               ။ ဆူဇူကီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် သြဂုတ်လ စတုတ္ထအပတ်နှင့် စက်တင်ဘာ ပထမအပတ်အတွင်း နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားရန်စီစဉ်ထားသည်။

မြန်မာအသင်းမှာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် စက်တင်ဘာ ၁၁ ရက်တွင် ဂျာမနီနိုင်ငံ၌ သွားရောက်နေထိုင်လေ့ကျင့်ရန်စီစဉ်ထားပြီး ယင်းခြေစမ်းခရီးမတိုင်မီ   နိုင်ငံတကာခြေစမ်းပွဲကစားရန်စီစဉ်ထား ခြင်းဖြစ်သည်။ ဖီဖာပြက္ခဒိန်ရက်တွေဖြစ်တဲ့ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားဖို့ ကျွန်တော်တို့စီစဉ်ထားပါတယ်။ ဒီအတွက် နိုင်ငံခုနှစ်နိုင်ငံကို ဖိတ်ထားပါတယ်။ သူတို့ဘက်ကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရှိနေပါတယ်။ ဒါကြောင့်အကြောင်းတော့ မပြန်သေးပါဘူး။ အာဆီယံအသင်းတွေ၊ အာရှအသင်းနဲ့ပဲ ခြေစမ်းမှာပါ။ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကစားရန်အတွက် အင်ဒိုနီးရှားအသင်းကိုလည်း ဖိတ်ကြားထားပြီး သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly