မန်စီးတီးမှ ထွက်ခွာရန် ဂိုးသမားဂျိုးဟတ် စဉ်းစားနေ

မန်စီးတီးမှ ထွက်ခွာရန် ဂိုးသမားဂျိုးဟတ် စဉ်းစားနေ

သြဂုတ် ၁၈၊ မန်ချက်စတာ။      ။ ဂွာဒီယိုလာလက်ထက်ပထမဆုံးနှစ်ပွဲတွင်ချန်လှပ်ခံရပြီးနောက် မန်စီးတီးဂိုးသမားဂျိုးဟတ်သည် အသင်းပြောင်းရန်စဉ်းစားနေပြီ ဖြစ်သည်။

အင်္ဂလန်ကြယ်ပွင့်ဂိုးသမားကို အဲဗာတန်အသင်းနှင့် စပိန်ကလပ်ဆီဗီလာအသင်းတို့က စိတ်ဝင်စားနေကြသည်။ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရန်နှစ်ပတ်အလိုတွက် အသက် ၂၉ နှစ်အရွယ်ဂျိုးဟတ်သည် အငှားဖြင့်အသင်းပြောင်းရန် စဉ်းစားနေခြင်းဖြစ်သည်။

ဘာစီလိုနာမှ တားစတီဂန်နှင့် ဘရာဗိုတို့သည် မန်စီးတီးအသင်းနှင့်သတင်းထွက်လျှက်ရှိသည်။ ဂွာဒီယိုလာလက်အောက်တွင် အနာဂါတ်မရှိနိုင်ဟုယူဆထားသည့် ဟတ်သည်နည်းပြနှင့်ဆက်ဆံရေးတည်ဆောက်ခြင်းမရှိသကဲ့သို့ ဂွာဒီယိုလာကလည်း ဟတ်သည် ၎င်းလိုချင်သည့်ပုံစံမဟုတ်ဟု ပြောဆိုထားသည်။

ဂွာဒီယိုလာသည် ဆန်းဒါးလန်း၊ စတူအာဘူခါရက်တို့နှင့်ပွဲများတွင် အာဂျင်တိုင်းဂိုးသမား ကာဘယ်လာရိုကိုသာ အသုံးပြုခဲ့သည်။

ဟတ်သည် ၂၀၀၆ တွင် ရှရူးဘူရီမှပြောင်းလာပြီးနောက် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၅၀ နီးပါးကစားထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly