ဂျပန်ဝန်ကြီးချုပ် စစ်သူရဲကောင်းဗိမာန်သို့ မသွားရောက်သော်လည်း အလေးအမြတ်ပြုမှု ပေးပို့

ဂျပန်ဝန်ကြီးချုပ် စစ်သူရဲကောင်းဗိမာန်သို့ မသွားရောက်သော်လည်း အလေးအမြတ်ပြုမှု ပေးပို့

တိုကျို၊ သြဂုတ် ၁၅ ။          ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒုတိယကမ္ဘာစစ် ဂျပန်စစ်ရှုံးခြင်း နှစ်ပတ်လည်နေ့တွင် စစ်သူရဲကောင်း ဗိမာန် ယာဆူကူနီ ဂူဗိမာန်သို့ အလေးအမြတ်ထားမှုကို   ပေးပို့သော်လည်း ယင်းဂူဗိမာန်နှင့် ပတ်သက်ပြီး တရုတ်နှင့် တောင်ကိုရီးယားတို့က ဂျပန်၏ စစ်ကာလအတွင်း စစ်ရေးအာဏာပြမှုအဖြစ် ရှုမြင်ထားခြင်းကြောင့် ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း မရှိကြောင်း ဝန်ကြီးချုပ်၏ လက်ထောက်က ပြောသည်။

ဂျပန်ထိပ်တန်းနိုင်ငံရေးသမားများ ယာဆူကူနီဂူဗိမာန်သို့ သွားရောက်လည်ပတ်ခြင်းသည် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့အတွက် အမျက်ထွက်စေသည်။ စစ်အတွင်း စစ်ရာဇဝတ်မှုများ ကျုးလွန်ခဲ့သူ စစ်ခေါင်းဆောင် ၁၄ ဦးနှင့် ဂျပန်စစ်သားများကို မြုပ်နှံထားသည့် ဂူဗိမာန်အား အရိုအသေပေးခြင်းကြောင့် တရုတ်နှင့် တောင်ကိုရီးယားအတွက် ဒေါသဖြစ်စေခြင်းပင်။

အာရှစီးပွားရေးအားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ဂျပန်တို့ကြား ဂျပန်က ရှင်ကာကူဟု ခေါ်ပြီး တရုတ်က ဒိုင်အိုယုကျွန်းများဟုခေါ်သည့် အငြင်းပွားကျွန်းစုများအနီး အရှေ့တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောများ ရွှက်လွှင့်ပြီးနောက်ပိုင်း ဆက်ဆံရေးက တန်းနေခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေဖြင့် နိုင်ငံအတွက် သေဆုံးသူများကို အလေးအမြတ် ပြသရမည်ဟု ပြောဆိုခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစကာ ယာဆူကူနီဂူဗိမာန်သို့ လူကိုယ်တိုင် သွားရောက်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

“နိုင်ငံအတွက် အသက်ပေးသွားတဲ့သူတွေကို အရိုအသေပြုရမှာပဲဖြစ်တယ်။”ဟု ဝန်ကြီးချုပ်၏ လက်ထောက်ဖြစ်သူ နီရှီမူရာက ပြောခဲ့သည်။

အဆိုပါ ဂူဗိမာန်သို့ လက်ထောက်ကက်ဘိနက်အတွင်းဝန်အကြီးအကဲ၊ ဝန်ကြီးချုပ်ဖြစ်လာနိုင်သူဟု နာမည်ထွက်နေသည့် ကိုအိဇူမိ၏ သားဖြစ်သူနှင့်အတူ လွှတ်တော်အမတ်များ သွားရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags