ပေါင်သန်း ၂၀၀ တန်ကစားသမားပေါ်လာရန်နီးစပ်နေပြီဟု အာစင်ဝင်ဂါးယုံကြည်

ပေါင်သန်း ၂၀၀ တန်ကစားသမားပေါ်လာရန်နီးစပ်နေပြီဟု အာစင်ဝင်ဂါးယုံကြည်

သြဂုတ် ၁၃၊ လန်ဒန် ။              ။ ပထမဆုံးပေါင်သန်း ၂၀၀ တန်ကစားသမားပေါ်လာရန်နီးစပ်နေပြီဟု အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ယုံကြည်နေသည်။

သို့သော်လည်း ပြိုင်ဘက်များငွေသုံးကြမ်းနေသည့်တိုင်အောင် အာဆင်နယ်အသင်းအနေဖြင့် ဥရောပအထက်တန်းလွှာအသင်း များကို ပြိုင်ဆိုင်နိုင်စွမ်းရှိနေသည်ဟု ဝင်းဂါးကယုံကြည်နေသည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ဂျူဗင်တပ်ကစားသမားပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ နီးပါးဖြင့်ခေါ်ထားသည်။

အာဆင်နယ်အသင်းသည် ဗလင်စီယာနောက်ခံလူမူစတာဖီကိုပေါင်သန်း ၃၀ ဖြင့်ခေါ်ယူရန်နီးစပ်နေပြီး လက်ရှိရာသီ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဖြင့် ဇာခါကိုခေါ်ထားသည်။

အသင်း၏စံချိန်တင်ပြောင်းရွှေ့ဖြင့်ခေါ်ထားသည့် ကစားသမားမှာ ရီးယဲလ်မက်ဒရစ်ထံမှခေါ်ထားသည့် အိုဇေးလ်ဖြစ်ပြီး ပေါင် ၄၂ ဒသမ ၅ သန်းဖြစ်သည်။

ဝင်းဂါးက “ပေါင်သန်း ၁၅၀၊ သန်း ၂၀၀ တန်ကစားသမားအပြောင်းအရွှေ့တွေကို မကြာခင်မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါမျိုးတွေ ရပ်တန့်ဖို့လိုတယ်လို့ ကျွန်တော်ဟိုးတုန်းကတည်း ကပြောခဲ့ပေမယ့် ဘောလုံးကဖွံ့ဖြိုးတိုးတက်လာပြီး လူကြိုက်ပိုများလာတဲ့အခါ ငွေကြေးတွေလည်း ပါလာတော့တာပါပဲ”ဟု ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly