ယခုနှစ်ရာသီမှာ ၎င်း၏အနာဂတ်ကို အဆုံးအဖြတ်ပေးလိ့မ်မည်ဟု အာစင်ဝင်းဂါးပြော

ယခုနှစ်ရာသီမှာ ၎င်း၏အနာဂတ်ကို အဆုံးအဖြတ်ပေးလိ့မ်မည်ဟု အာစင်ဝင်းဂါးပြော

သြဂုတ် ၁၁ ။           ။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ယခုနှစ်ရာသီမှာ သူ၏အာဆင်နယ်နည်းပြဘဝအနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရာသီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အာဝင်ဝင်းဂါးနှင့် အာဆင်နယ်အသင်းတို့၏ စာချုပ်သက်တမ်းမှာ လာမည့်နှစ်နွေရာသီတွင်မှ ကုန်ဆုံးမည် ဖြစ်သည်။ အာစင်ဝင်းဂါးသည် မြောက်လန်ဒန်ကလပ်တွင် ဂန္ထဝင်နည်းပြအဖြစ် သတ်မှတ်ခံရသော်လည်း ကာလကြာရှည်ဖလားလက်မဲ့ ဖြစ်နေသည့်အတွက် ပရိသတ်များက ၎င်းကို ငြိုငြင်နေကြပြီ ဖြစ်သည်။

အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်သွားရန် အခြေအနေရှိလားဟု သတင်းထောက်များက အာစင်ဝင်းဂါးကို မေးမြန်းခဲ့ရာတွင် ဝင်းဂါးက ‘ဒီနှစ်ရာသီမှာ ဖြစ်ပေါ်လာမယ့် ရလဒ်က ကျွန်တော်ဘာလုပ်မလဲဆိုတဲ့ အပေါ် သက်ရောက်မှု ရှိပါလိ့မ်မယ်’ ဟု ပြန်လည် ဖြေကြားခဲ့သည်။

အာဆင်နယ်နည်းပြအလုပ်ကို လုပ်ခွင့်မရတော့လျှင်လည်း အလုပ်ဆက်လုပ်နေဦးမည်ဆိုသည့် သဘောသက်ရောက်သော စကားများကိုလည်း အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။ ‘ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အလုပ်လုပ်ဖို့ ကျန်းမာနေတဲ့ အချိန်အထိ အလုပ်လုပ်သွားမှာပါ။ ကျွန်တော်က အမြဲ အလုပ်လုပ်နေတဲ့သူပါ။ ခင်ဗျားအနေနဲ့ တစ်ဘဝလုံးအလုပ် လုပ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ခင်ဗျားလုပ်နေတာတွေကို ရပ်လိုက်နိုင်တယ်ဆိုတာ ခင်ဗျားသိပါတယ်’ ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly