အီရတ်နိုင်ငံတွင် ဆေးရုံမီးလောင်၍ မွေးကင်းစကလေး ၁၁ ဦး သေဆုံး

အီရတ်နိုင်ငံတွင် ဆေးရုံမီးလောင်၍ မွေးကင်းစကလေး ၁၁ ဦး သေဆုံး

သြဂုတ် ၁၀ ။      ။ အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဆေးရုံတစ်ရုံတွင် သြဂုတ်လ ၁၀ ရက်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားရာ သားဖွားခန်းထဲရှိ မွေးကင်းစ ကလေး ၁၁ ဦးထက် မနည်း သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဘဂ္ဂဒက်မြို့ရှိ ယာမောက် ဆေးရုံတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ အမျိုးသမီး ၁၉ ဦးမှာလည်း မီးလောင်ဒဏ်ရာများနှင့် အသက်ရှုကျပ်သည့်ဝေဒနာများ ခံစားခဲ့ရသည်ဟု သိရသည်။

သေဆုံးသွားသော မွေးကင်းစကလေးများသည်လည်း အသက်ရှုကြပ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း အီရတ်ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် အာမက် အယ်လ် ရက်နီက ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် ယင်းဆေးရုံတွင် တက်ရောက်မီးဖွားနေသော ကိုယ်ဝန်ဆောင်မိခင် ၂၉ ဦးကိုလည်း အခြားဆေးရုံသို့ ပြောင်းရွှေ့ပေးလိုက်ရသည်။

ယခုဖြစ်စဉ်တွင် လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ကောက်ချက်ချထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags