ဘွန်ဒက်စ်လီဂါသည် ပရီးမီးယားလိဂ်၏ အဓိကစျေးကွက်တစ်ခုဖြစ်လာ

ဘွန်ဒက်စ်လီဂါသည် ပရီးမီးယားလိဂ်၏ အဓိကစျေးကွက်တစ်ခုဖြစ်လာ

သြဂုတ် ၅၊ လန်ဒန်။             ။ ဘွန်ဒက်စ်လီဂါသည် ပရီးမီးယားလိဂ်အသင်းများက ကစားသမားခေါ်ယူသည့် အဓိကဈေးကွက်ကြီးတစ်ခုဖြစ်လာခဲ့သည်။ အင်္ဂလိပ်ကလပ်များသည် ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းများထံမှ ကစားသမားဝယ်ယူမှုမှာ လက်ရှိရာသီတွင် ပေါင် ၁၄၈ ဒသမ ၃ သန်းရှိသွားခဲ့ပြီဖြစ်သည်။

ယူအီးအက်ဖ်အေအဆင့်သတ်မှတ်ချက်တွင် ပရီးမီးယားလိဂ်ထက်မြင့်မားသည့် ဘွန်ဒက်စ်လီဂါအနေဖြင့် အင်္ဂလိပ်ကလပ်များ၏ ဈေးကွက်ကြီးတစ်ခု အလျှင်အမြန်ဖြစ်လာခဲ့သည်။

ရှော်လ်ကေးမှမန်စီးတီးသို့ ပေါင် ၄၂ သန်းဖြင့်ပြောင်းရွှေ့ခဲ့သည့် ဆိန်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်သို့ရောက်လာသည့် ၁၁ ယောက် မြောက် ဘွန်ဒက်စ်လီဂါကစားသမားဖြစ်လာခဲ့သည်။

ပြောင်းရွှေ့ကြေးမြင့်မားသောအခြားကစားသမားများမှာ ဂလက်ဘက်မှအာဆင်နယ်သို့ ပေါင် ၃၅ သန်းဖြင့်ပြောင်းလာသည့် ဇာခါ၊ ဒေါ့မွန်မှ မန်ယူသို့ပေါင် ၂၆ သန်းဖြင့်ရောက်လာသည့် အမ်ခီတာယန်၊ ဒေါ့မွန်မှမန်စီးတီးသို့ ပေါင် ၂၁ သန်းဖြင့်ရောက် လာသည့် ဂွန်ဒိုဂန်တို့ ဖြစ်ကြသည်။

အခြားကစားသမားများမှာ ဘိုင်ယန်မှ ဆောက်သမ်တန်သို့ရောက်လာသည့် ဟွိုက်ဘတ် (ပေါင် ၁၂ သန်း)၊ အော့စ်ဘတ်မှ လီဗာပူးလ်သို့ရောက်လာသည့် ကလာဗန် (ပေါင် ၅ သန်း)၊ မိန့်ဇ်မှလီဗာပူးလ်သို့ရောက်လာသည့် ကေးရီးယက်စ် (ပေါင် ၄ ဒသမ ၇ သန်း)၊ ဟန်နိုဗာမှ လက်စတာသို့ရောက်လာသည့် ဇီလာ (ပေါင် ၂ ဒသမ ၆ သန်း)၊ အော့စ်ဘတ်မှ လီဗာပူးလ်သို့ရောက်လာ သည့် မန်နင်ဂါ (အလွတ်)၊ ရှော်လ်ကေးမှ လီဗာပူးလ်သို့ရောက်လာသည့် မက်တစ် (အလွတ်)၊ ဂလက်ဘတ်မှ ဝက်စ်ဟမ်းသို့ ရောက်လာသည့် နော့ဗီယက် (အလွတ်) တို့ဖြစ်သည်။

ယမန်နှစ်ကလည်း ဒီဘရိုင်း (ပေါင် ၅၂ သန်း)၊ ဖာမီနို (ပေါင် ၂၉ သန်း)၊ ဆွန်ဟောင်မင် (ပေါင် ၂၁ ဒသမ ၉ သန်း) တို့ ရောက်လာခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags