၂၀၁၉ တွင် ကမ္ဘာ့လှည့်ခရီးသွား ခုနစ်သန်းကျော် ရောက်ရှိနိုင်

၂၀၁၉ တွင် ကမ္ဘာ့လှည့်ခရီးသွား ခုနစ်သန်းကျော် ရောက်ရှိနိုင်

အရှေ့တောင်အာရှ၏ ခရီးသွားနေရာတစ်ခုအဖြစ် ထင်ပေါ်လာသည့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ရောက်ရှိမှုသည် ၂၀၁၉ ခုနှစ်တွင် ၇ ဒဿ ၅ သန်းရှိမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။

၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လာခဲ့ချိန်မှစပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များပြားလာခဲ့သည်။

“ဒီနှစ်မှာ နိုင်ငံခြားဧည့်သည်လာရောက်မှုက ၅ ဒဿမ ၅ သန်းရှိတယ်။ ၂၀၁၅ ကထက် တစ်သန်းနီးပါး ပိုလာရောက်တာပဲဖြစ်တယ်။”ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန အထွေထွေမန်နေဂျာ ဦးတင့်သွင်က ပြောသည်။

“ကျွန်တော်တို့တွေ လာမည့်သုံးနှစ်အတွင်းမှာ ခရီးသွားဧည့်သည် ခုနစ်သန်းခွဲ လာရောက်မယ်လို့ မျှော်လင့်ထားတယ်။”ဟု ရန်ကုန်တွင် ကျင်းပသော ခရီးသွားလုပ်ငန်းညီလာခံပြင်ပတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly