လန်ဒန်မြို့လယ်တွင် ဓားခုတ်မှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံး

လန်ဒန်မြို့လယ်တွင် ဓားခုတ်မှုဖြစ်၍ အမျိုးသမီးတစ်ဦးသေဆုံး

လန်ဒန်၊ သြဂုတ် ၄ ။                  ။  လန်ဒန်မြို့လယ် ရုဆေးရင်ပြင်တွင် ဓားခုတ်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရသည်။

ဓားခုတ်မှုဖြစ်ရပ်ကို ရဲဌာနသို့ ဒေသစံတော်ချိန် ည ၁၀ နာရီကျော်တွင် သတင်းရောက်ရှိခြင်းဖြစ်သည်။

ဓားခုတ်ခံရသူများကို အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးက ကုသပြုစုသော်လည်း နောက်ပိုင်းသေဆုံးခြင်းဖြစ်သည်။

ထိုဓားခုတ်မှုတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။

ဓားခုတ်မှုတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရကြောင်း စကော့တလန်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly