ပါးလ်မီးရပ်စ်အသင်းမှ တောင်ပံကစားသမား ဂါဘရီယဲလ် ဂျီးဆက်စ်ကို မန်စီးတီး ခေါ်ယူ

ပါးလ်မီးရပ်စ်အသင်းမှ တောင်ပံကစားသမား ဂါဘရီယဲလ် ဂျီးဆက်စ်ကို မန်စီးတီး ခေါ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းမှ တောင်ပံကစားသမား ဂါဘရီယဲလ် ဂျီးဆက်စ်ကို ထပ်စောင်းပေးချေျမှုအပါအဝင် ပေါင် (၂၇) သန်းဖြင့် မန်ချက်စတာစီးတီးအသင်းက ခေါ်ယူခဲ့ပါတယ်။

ဂျီးဆက်စ်ဟာ (၅) နှစ်စာချုပ်ဖြင့် သဘောတူခဲ့ပေမယ့် ယခုနှစ်ကုန်အထိ ပါးလ်မီးရပ်စ်အသင်းမှာ ရှိနေအုံးဖြစ်ပါတယ်။

ဂျီးဆက်စ်ဟာ တောင်အမေရိကမှာ အကောင်းဆုံးလူငယ်ကစားသမား တစ်ဦးဖြစ်ပြီး ဘာစီလိုနာက စိတ်ဝင်စားမှုကို ခံရသူဖြစ်ပေမယ့် မန်စီးတီးက လက်ဦးမှု ရယူခဲ့ပါတယ်။

ဂါဘရီယဲလ် ဂျီးဆက်စ်ဟာ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ ဘရာဇီးလ်မှာ ပါဝင်နေတဲ့ ကစားသမားဖြစ်ပါတယ်။

အသက် (၁၉)နှစ်အရွယ် ဂါဘရီယဲလ် ဂျီးဆက်စ်ဟာ ပါးလ်မီးရပ်စ်အသင်းမှာ (၆၇) ပွဲကစား (၂၆) ဂိုးသွင်းယူပြီး ယခုနှစ်ရာသီ ဘရာဇီး စီးရီးအေမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပါတယ်။

သဘောတူညီချက်ထဲမှာ မန်စီးတီးအသင်းမှာ ဂျီးဆက်စ်ရဲ့ အောင်မြင်မှုပေါ်တည်ပြီး ပေါင် (၄) သန်း ထပ်မံ ရရှိမှာဖြစ်ပါတယ်။

"ဒီအသင်းမှာ အရည်အသွေးပြည့် ကစားသမားတွေ အများကြီးရှိနေပြီး နည်းပြဂွါဒီယိုလာကလည်း ထိပ်တန်းနည်းပြတစ်ဦးပါပဲ။ သူ့ဆီကနေ ကျွန်တော် အတွေ့အကြုံများစွာ သင်ယူဆည်းပူးသွားနိုင်မှာပါ။"လို့ ဂျီးဆက်စ်က ပြောပါတယ်။

"ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာ မန်စီးတီးပရိသတ်တွေကို ပြသပြီး ကျွန်တော်တို့မှာ ကြီးကျယ်တဲ့ အနာဂတ်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ ဂျီးဆက်စ်က ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ယခုအပတ်အင်္ဂါနေ့က ရှော်လ်ကေးအသင်းမှ ဂျာမန်ကွင်းလယ်လူ ဆာနေးကို ပေါင် (၃၇) သန်းဖြင့် ခေါ်ယူထားသေးသည်။

နည်းပြဂွါဒီယိုလာဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် ကစားသမားခေါ်ယူရာမှာ ပေါင် (၁၀၀) သန်း သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly