ချယ်လ်ဆီးကွင်းလယ်လူ ကွာဒရာဒိုကို အေစီမီလန်ခေါ်ယူလို

ချယ်လ်ဆီးကွင်းလယ်လူ ကွာဒရာဒိုကို အေစီမီလန်ခေါ်ယူလို

သြဂုတ် ၃၊ မီလန်။             ။ ချယ်လ်ဆီးနည်းပြကွန်တီက ကွာဒရာဒိုကိုအသင်းတွင် ဆက်ရှိစေချင်သည်ဟု ပြောဆိုထားသော်လည်း အေစီမီလန်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေဆဲဖြစ်သည်။

ဖီအိုရင်တီးနား တောင်ပံကစားသမားဟောင်းသည် အီတလီတွင်ကျော်ကြားသူဖြစ်ပြီး ယမန်နှစ်ကလည်း ဂျူဗင်တပ်တွင် အောင်မြင်သောအငှားကစားသမားဘဝကို ဖြတ်သန်းခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကွာဒရာဒိုအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ပွဲထွက်ခွင့်နေရာအတွက် ဝီလျံ၊ ပက်ဒရို၊ ဟက်ဇက်တို့နှင့် ပြိုင်ဆိုင်ရဖွယ်ရှိနေသည်။

“ဒီယေဂိုကော်စတာလိုပဲ ကွာဒရာဒိုက ချယ်လ်ဆီးကစားသမားပါ။ သူကလုပ်အားနှုန်းအရမ်းကောင်းသလို ကျွန်တော်တို့နဲ့ လေ့ကျင့်ရေးကွင်းမှာလည်း အရမ်းကြိုးစားတဲ့သူပါ။

သူ့အပေါ်ကျွန်တော်ဘယ်လိုသဘောထားတယ်ဆိုတာ လူတိုင်းသိပြီး ကစားသမားကောင်းတစ်ယောက်ဟာ ဈေးကွက်ထဲမှာ တော်တော်လေးစိတ်ဝင်စားခံရတယ်ဆိုတာလည်း လူတိုင်းသိကြပါတယ်။

အခုသူက ချယ်လ်ဆီးကစားသမားတစ်ယောက်ဖြစ်ပြီး ပျော်ရွှင်နေပါတယ်။ အနာဂါတ်မှာဘာဖြစ်နိုင်မလဲ မေးလာရင်တော့ ကွာဒရာဒိုမှမဟုတ်ဘူး၊ ဘယ်သူ့အကြောင်းကိုမှ ကျွန်တော်ဖြေနိုင်မှာ မဟုတ်ပါဘူး”ဟု ကွန်တီက ပြောသည်။

ကွန်တီသည် ဂျူဗင်တပ်နည်းပြဘဝကတည်းက ကိုလံဘီယာလက်ရွေးစင်ကစားသမားကို သဘောကျခဲ့သော်လည်း ဖီအိုရင်တီးနားနှင့်ဂျူဗင်တပ်အကြား ဆက်ဆံရေးအဆင်မပြေမှုကြောင့်   ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ ချယ်လ်ဆီးအသင်းက ခေါ်ယူသွား ခဲ့သည်။

အေစီမီလန်အသင်းအနေဖြင့် ကွာဒရာဒိုကိုခေါ်ယူရန် ဂျူဗင်တပ်အသင်းနှင့် ပြိုင်ဆိုင်ရဖွယ်ရှိနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags