ဂျက်ရှ်ဂရိုဘန် နဲ့ ကက်ဒန်နင်းတို့ လမ်းခွဲလိုက်ပြီ

ဂျက်ရှ်ဂရိုဘန် နဲ့ ကက်ဒန်နင်းတို့ လမ်းခွဲလိုက်ပြီ

နယူးယော့ခ်၊ သြဂုတ် ၂ ။               ။ အမေရိကန် တေးရေး တေးဆို ဂျက်ရှ်ဂရိုဘန် နှင့် သရုပ်ဆောင် မင်းသမီး ကက်ဒန်နင်းတို့သည် နှစ်နှစ်ကြာတွဲခဲ့ပြီးနောက် ယခုအခါ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ဂျက်ရှ်ဂရိုဘန် နဲ့ ကက်ဒန်နင်းတို့နှစ်ဦး လမ်းခွဲလိုက်ပါပြီ။ သူတို့နှစ်ဦးဟာ မိတ်ဆွေတွေအဖြစ် ရှိနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဂရုစိုက်ကြပါတယ်။ဒါပေမဲ့ သူတို့နှစ်ဦးဟာ ယခုအချိန်မှာ ချစ်သူတွေမဟုတ်တော့ပါဘူး ”ဟု သတင်းအရင်းမြစ်တစ်ခုက  E! News သတင်းဌာနကို ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂရိုဘန် နှင့် အသက် ၃၀ နှစ်အရွယ် ဒန်နင်းတို့နှစ်ဦးသည်  ၂၀၁၄ ခုနှစ် အောက်တိုဘာလက ဘီဗာလီဟေးလ်မြို့၌ ကျင်းပပြုလုပ်သော  Carousel of Hope ball ပွဲ အနီရောင်ကော်ဇောပေါ်တွင် စုံတွဲအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့်အချိန်က ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို  လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။

 The Croods 2 မင်းသမီးကက်ဒန်နင်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နစ်ခ်ဇာနို နှင့် တွဲခဲ့ပြီး ရိုင်ယန်ဂေါ့စ်လင်း နှင့်ခေတ္တမျှတွဲခဲ့သည်။ဂရိုဘန်သည် ၂၀၀၃ ခုနှစ် ၂၀၀၆ ခုနှစ်အထိ ဇန်နဝါရီဂျုန်းစ် နှင့်တွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly