ဆူဇီနဲ့ လီမင်ဟိုတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီဟု သတင်းများ ထွက်ပေါ်

ဆူဇီနဲ့ လီမင်ဟိုတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီဟု သတင်းများ ထွက်ပေါ်

ဆိုးလ် ၊ သြဂုတ် ၁  ။                    ။ တောင်ကိုရီးယားအဆိုတော် ဆူဇီနှင့် မင်းသား လီမင်ဟိုတို့နှစ်ဦးသည် လမ်းခွဲလိုက်ပြီဟူသော ကောလဟာလသတင်းများ သြဂုတ် ၁ ရက်က အွန်လိုင်းတွင် ပျံ့နှံ့လျက် ရှိသည်။

“ဆူဇီနွဲှ လီမင်ဟိုတို့နှစ်ဦးဟာ မကြာသေးမီက လမ်းခွဲပြတ်စဲခဲ့တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေ အဖြစ် ဆက်လက် ရှိနေပါတယ်” ဟု ဆူဇီ၏ အပေါင်းအပါတစ်ဦးက Soprts Daily ကို ပြောကြားခဲ့ ကြောင်း ကနဦးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လီမင်ဟိုနှင့် ဆူဇီတို့နှစ်ဦးသည် ရိုက်ကူးရေး အစီစဉ်များဖြင့် အလုပ်များနေခြင်းကြောင့် အနေဝေးနေကြကြောင်း သတင်းအရင်းမြစ်တစ်ခုက   ပြောကြားသည်။

MYM အင်တာတိန်းမိန့်က ကိုယ်စားလှယ်တစ်ဦးက ကောလဟာလသတင်းများနှင့် စပ်လျဉ်း၍ ဖြေရှင်းမှုများကို ပြုလုပ်ခဲ့သည်။ “လီမင်ဟိုဟာ လက်ရှိအချိန်မှာ ‘KCON 2016’ တေးဂီတဖျော်ဖြေပွဲအ တွက် အမေရိကမှာ ရောက်ရှိနေပါတယ်။ ကောလဟာလနဲ့ ပတ်သက်လို့ ကျွန်တေ်ာတို့ သူ့ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ လီမင်ဟိုက သူတို့နှစ်ဦးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ တွဲနေပါတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ် ”ဟု ကိုယ်စားလှယ်က ပြောကြားသည်။

“ကျွန်မ ဆူဇီကို မေးမြန်းခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တွဲနေတုန်းပါပဲ”ဟု ဆူဇီ၏ အေဂျင်စီ JYP အင်တာတိန်းမန့် ကိုယ်စားလှယ်က ပြောကြားသည်။ ဆူဇီနှင့် လီမင်ဟိုတို့နှစ်ဦးသည် ၂၀၁၅ ခုနှစ် အစောပိုင်းက ၎င်းတို့နှစ်ဦး တွဲနေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly